ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ စစ်ဆင်နွှဲရန် တွန့်ဆုတ်နေမည်မဟုတ်ကြောင်း တရုတ်ပြော

0
130

ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ စစ်ဆင်နွှဲရန် တွန့်ဆုတ်နေမည်မဟုတ်ကြောင်း တရုတ်ပြော

ထိုင်ဝမ်၊ ဇွန် ၁၀ ရက်

ထိုင်ဝမ် ကိုယ်ပိုင်လွတ်လပ်ရေးကြေညာပါက တရုတ်သည် စစ်စတင်ရန် တွန့်ဆုတ်နေမည်မဟုတ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီး ဝေဖုန်းဟဲက အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင် အား ဇွန် ၁၀ ရက် သောကြာနေ့၌ သတိပေးခဲ့သည်။

အဆိုပါသတိပေးချက်သည် စင်္ကာပူ၌ကျင်းပသည့် ရှန်ဂရီလာ လုံခြုံရေးထိပ်သီးအစည်းအဝေးပြင်ပ တွင်၎င်းတို့နှစ်ဦး ပထမဆုံး မျက်နှာချင်းဆိုင် တွေ့ဆုံစဉ် ယခုကဲ့သို့ ထွက်ပေါ်လာခြင်းဖြစ်သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်နှင့် ပတ်သက်၍ အမေရိကန်-တရုတ် တင်းမာမှုများ မြှင့်တက်လျှက်ရှိသည်။ တရုတ်က ထိုင်ဝမ်အား ၎င်း၏ပိုင်နက်အဖြစ် သတ်မှတ်ထားပြီး လိုအပ်ပါက အင်အားသုံး၍ တစ်နေ့တွင် သိမ်းယူမည်ဟု သန္ဒိဌာန် ထားသည်။

ထိုင်ဝမ်ကို တရုတ်နိုင်ငံမှ ခွဲထုတ်ရန် ကြိုးစားသည့် မည်သူကိုမဆို တရုတ်စစ်တပ်ဘက်မှ စစ်ပွဲစတင်ဆင်နွှဲရန် တွန့်ဆုတ်နေမည်မဟုတ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီး ဝေ က အစည်းအဝေး၌ သတိပေးခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ပုဂ္ဂိုလ် ဝူရှန်က ပြောကြားခဲ့သည်။

ထိုင်ဝမ်လွတ်လပ်ရေးအားကြေညာရန် လုပ်ဆောင်နေသည့် မည်သည့်ကြံစည်မှုမဆို ဖြိုခွင်းပြီး အမိမြေနှင့်ပြန်လည်ပေါင်းစည်းရေးကို ပေကျင်းအစိုးရက ပြတ်သားစွာ လုပ်ဆောင်သွားမည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးမှ ကတိပြုခဲ့ကြောင်း သိရသည်။

ထို့အပြင် ဝေက ထိုင်ဝမ်သည် တရုတ်နိုင်ငံပိုင်ဖြစ်ကြောင်းနှင့် ထိုင်ဝမ်ကိုအသုံးချ၍ တရုတ်နိုင်ငံအား ထိန်းချုပ်ရန် ကြိုးပမ်းမှုသည် မည်သည့်အခါမျှ အောင်မြင်လိမ့်မည်မဟုတ်ကြောင်း အလေးပေးပြောကြားခဲ့သည်ဟု သိရသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here