ပုလောမြို့နယ်၌ ကလေးများအားစာသင်ပေးနေစဥ် ကျောင်းဆရာတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရဟု နစက ထုတ်ပြန်

0
218

ပုလောမြို့နယ်၌ ကလေးများအားစာသင်ပေးနေစဥ် ကျောင်းဆရာတစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရဟု နစက ထုတ်ပြန်

တနင်္သာရီတိုင်း၊ပုလောမြို့နယ်၊ပိတပ်ကျေးရွာ၏ အ.မ.က ကျောင်းမှ ကျောင်းဆရာဦးချိန်မင်း(၃၀) နှစ်သည် ဇွန် ၉ ရက်ညပိုင်းက ကလေးများအားစာသင်ပေးနေစဥ် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

ပိတပ်ကျေးရွာ အ.မ.က ကျောင်း၏ ကျောင်းဆရာဦးချိန်မင်းသည် ၎င်း၏နေအိမ်၌ ကလေးများအား စာသင်ပေးနေစဥ် အမည်မသိအမျိုးသား ၂ ဦးက နေအိမ်ပေါ်သို့တက်လာကာ သေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ကျောင်းဆရာဦးချိန်မင်း၌ ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း နစက မှထုတ်ပြန်ခဲ့သည်။

အလားတူ စစ်ကိုင်းတိုင်း၊မုံရွာမြို့၊အောင်မင်္ဂလာရပ်ကွက်ရှိ အ.ထ.က(၇)အား အမည်မသိအမျိုး သား ၂ ဦးမှ ဇွန် ၁၀ ရက်နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်၌ ဆိုင်ကယ်ဖြင့်ရောက်ရှိလာကာ လက်လုပ်ဗုံးဖြင့်ပစ်ပေါက်၍မောင်းနှင်ထွက်ပြေးသွားခဲ့သည်။

အဆိုပါ လက်လုပ်ဗုံးသည် ကျောင်းဝင်ပေါက်အနီး၌ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုနှင့်အဆောက်အဦးများပျက်စီးဆုံးရှုံးမှုမရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ကချင်ပြည်နယ်၊ရွှေကူမြို့နယ်၊ဘိုကုန်းကျေးရွာရှိ အ.ထ.က ကျောင်း၏အုတ်တံတိုင်းအ နီး၌ ဇွန် ၉ ရက်ည ၁၀ နာရီခန့်၊မွန်ပြည်နယ်၊ရေးမြို့နယ်၊ကနင်ကမော့ကျေးရွာရှိ အ.ထ.က(ခွဲ)ဝင် ပေါက်အနီး၊ဘဲလမုကျေးရွာရှိ အ.ထ.က(ခွဲ)ဝင် ပေါက်အနီးတို့တွင် ဇွန် ၁၀ ရက်နံနက် ၈ နာရီခန့်နှင့်မကွေးတိုင်း၊ဆိပ်ဖြူမြိူ့နယ်၊ကျွန်းချောင်းကျေးရွာရှိ အ.လ.က ကျောင်းဝင်ပေါက်အနီးတွင် ဇွန် ၁၀ ရက်နံနက် ၁၀ နာရီခန့်တို့၌ ခြိမ်းခြောက်စာများနှင့်အတူ ကျည်ဆံများလာရောက်ချထားသည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

ခြိမမးခြောက်စာများ၌ “ကလေးသူငယ်များ ပ ညာသင်ကြားပေးနေမှုများအား ရပ်တန့်ရန်၊တာ ဝန်ထမ်းဆောင်လျက်ရှိသည့် ပညာရေးဝန်ထမ်းများ CDM ပြုလုပ်ရန်နှင့် CDM မပြုလုပ်ပါက ပ ညာရေးဝန်ထမ်းများ၏ အသက်အန္တရာယ်နှင့်လုံ ခြုံရေးကိုလုံးဝတာဝန်ယူမည် မဟုတ်ကြောင်း” စာသားများရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here