ကန်အတွင်း ကျသွားသည့် ကားကို ပြန်ဆယ်နိုင်ခဲ့သော် လည်း မိသားစုဝင် (၃)ဦး၏ ရုပ်အလောင်းများ ရှာမတွေ့သေး

0
193

ကန်အတွင်း ကျသွားသည့် ကားကို ပြန်ဆယ်နိုင်ခဲ့သော် လည်း မိသားစုဝင် (၃)ဦး၏ ရုပ်အလောင်းများ ရှာမတွေ့သေး

ဖားကန့်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ရေကန်အတွင်း ကား ပြုတ်ကျမှုမှ ကားကို ယနေ့ပြန်လည်ဆယ်ယူရရှိခဲ့သော် လည်း ပျောက်ဆုံးနေသည့် လသားအရွယ် ကလေးငယ် အပါအဝင် မိသားစုဝင် (၃)ဦး၏ အလောင်းများကို မတွေ့ရှိသေးကြောင်း သိရသည်။

ဇွန်လ (၉)ရက် နံနက်ပိုင်းက ဖားကန့်မြို့နယ်အတွင်းက ကျောက်စိမ်း လုပ်ကွက်ဟောင်း ရေကန်အတွင်း မိသားစု (၃) ဦး စီးနင်းလာသည့်ကား ပြုတ်ကျခဲ့သည့်အတွက် ရှာ ဖွေမှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

ယင်းသို့ ရှာဖွေကယ်ဆယ်မှုများ လုပ်ဆောင်နေရာ (၃) ရက်မြောက်နေ့ဖြစ်သည့် ယနေ့ ဇွန်လ (၁၁) ရက်တွင် ပြုတ်ကျသွားသည့် ကားအား ရေကန် အနက် ပေ ၄၀၀ မှ ပြန်လည် ဆယ်ယူနိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။

” ကားတော့ ပြန်ဆယ်လို့ ရပြီ။ အလောင်းတွေတော့ မဆယ်ရသေးဘူး။ ကားထဲမှာ အလောင်းတွေ မတွေ့ဘူးလို့ ပြောတယ် ။ မနက်ဖြန်ကျရင် ထပ်ရှာပြီးတော့ တွေ့ရင် ဆယ်ကြမှာပေါ့” ဟု ဖားကန့် ဒေသခံ ကိုကျော်ကျော်လတ်က ပြောသည်။

ယာဉ်တိမ်းမှောက်ကာ ကန်အတွင်းပြုတ်ကျမှုတွင် ဖားကန့် မြို့နယ် မှော်မောင်းလျံ ကျေးရွာမှ လသားအရွယ် ကလေးငယ်တစ်ဦးနှင့် မိသားစုဝင် (၃) ဦး ကားနှင့်အတူ ပါသွားသည့်အတွက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို အပူတပြင်း လုပ်ဆောင်နေကြခြင်း ဖြစ်သည်။

ယာဉ်တိမ်းမှောက်မှုတွင် ပါဝင်သွားသူများမှာ မှော်မောင်းလျှံ အကျိုးတူကုမ္ပဏီ၏ စာရေးမိသားဖြစ်ပြီး ၎င်းတို့၏ လသားအရွယ် ကလေးငယ်အား ကာကွယ် ဆေးထိုးနှံရန် ဖားကန့်မြို့နယ် ဆေးရုံသို့အလာ အေးမြသာယာကျေးရွာ အနီးတွင် ဘရိတ်ပေါက်ကာ အနီးရှိ ကျောက်စိမ်း လုပ် ကွက်ဟောင်း ရေကန်တစ်ခု အတွင်းသို့ ပြုတ်ကျသွားခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here