ဒဂုံမြောက်ပိုင်းနှင့်ဒဂုံတောင်ပိုင်းတို့တွင် စိတ်ကြွ ဆေးပြားများ၊အက်တက်စီဆေးပြားနှင့်ကက်တမင်းများ ဖမ်းဆီးရမိ

0
202

ဒဂုံမြောက်ပိုင်းနှင့်ဒဂုံတောင်ပိုင်းတို့တွင် စိတ်ကြွ ဆေးပြားများ၊အက်တက်စီဆေးပြားနှင့်ကက်တမင်းများ ဖမ်းဆီးရမိ

ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နှင့်ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တို့တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များက စိတ်ကြွဆေးပြားများ၊အက်တက်စီဆေးပြားများနှင့်ကက်တမင်းများအား ဇွန် ၁၀ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ဖမ်းဆီးရမိမှုများတွင် ယင်းနေ့မွန်းလွဲ ၃ နာရီခွဲက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊(၃၃)ရပ်ကွက်တွင် နေလင်းအောင်(ခ)နေလင်း(၃၉)နှစ်မောင်းကာ တိုးဝေယံထွဋ်(ခ)အိန်ဂျယ်(၂၇)နှစ်လိုက်ပါလာသည့် MAZDA AXELA BLSFP ကားအားရှာဖွေစစ်ဆေးခဲ့ကြသည်။

ထိုသို့ ရှာဖွေစစ်ဆေးရာကားပေါ်မှ ငွေကျပ်သိန်း ၂၀၁၅ သိန်းတန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၀၁၅ ပြားအား သိမ်းဆည်းရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှ သိရသည်။

အလားတူ ညနေ ၅ နာရီတွင်လည်း ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊(၂၈)ရပ်ကွက်၊ပြည်
ထောင်စုလမ်း၌ လမ်းလျှောက်လာသည့် ဟိန်းသူဇော်အောင်(ခ)သားငယ်(၃၆)နှစ်နှင့်ပြည့်လင်းစိုး(ခ)ဆိုးပေ(၃၇)နှစ်တို့အား ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးရာ ဟိန်းသူဇော်အောင်(ခ)သားငယ် ထံမှ အက်တက်စီဆေးပြား ၁၀ ပြားအား ဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် ည ၆ နာရီ ၅ မိနစ်၌ ၎င်းတို့ငှားရမ်းနေထိုင်သည့် (၂၄)ရပ်ကွက်ရှိ နေအိမ်အားရှာဖွေရာ နေအိမ်အတွင်းမှ အက်တက်စီဆေးပြား ၃၉၁ ပြား၊ကက်တမင်း(၃ ဒသမ ၆ ဂရမ်)တို့အား ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား မူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင် ရာဥပဒေအရအမှုဖွင့်ကာ ဆက်စပ်ပြစ်မှုကျူး လွန်သူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here