ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့၌ မုတ်သုံလေအားအသင့်အတင့်ရှိ၍ ရန်ကုန်မြို့၌ ဇွန် ၁၃ ရက်(မနက်ဖြန်)၌ မိုးထစ်ချုန်းရွာမည်ဟု မိုးဇလထုတ်ပြန်

0
119

ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့၌ မုတ်သုံလေအားအသင့်အတင့်ရှိ၍ ရန်ကုန်မြို့၌ ဇွန် ၁၃ ရက်(မနက်ဖြန်)၌ မိုးထစ်ချုန်းရွာမည်ဟု မိုးဇလထုတ်ပြန်

မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဇွန် ၁၂ ရက်(ယနေ့)ညနေ ၄ နာရီက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

မိုးဇလ၏ထုတ်ပြန်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားအသင့်အတင့်ရှိနေသည်ဟု အသိပေးကြေညာခဲ့သည်။

ထို့ကြောင် မနက်ဖြန်တွင် ရန်ကုန်မြို့နှင့်အနီးတဝိုက်၌ ရာနှုန်းပြည့်မိုးထစ်ချုန်းရွာမည်ဖြစ်ကာ နေပြည်တော်နှင့်အနီးတဝိုက်တွင် ရာနှုန်းပြည့်အသင့်အတင့်မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး မန္တလေးမြို့နှင့်အနီးတဝိုက်တွင်လည်း နေရာကွက်၍မိုးထစ်ချုန်းရွာမည်ဟု မိုးဇလမှထုတ်ပြန်ခဲ့သည်။

အလားတူ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ကချင် ပြည်နယ်နှင့်ရှမ်းပြည်(မြောက်ပိုင်း၊အရှေ့ပိုင်း)တို့တွင် နောက် ၂ ရက်အတွင်း မိုးပိုလာနိုင်သည်ဟု မိုးဇလ၏ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့်မကွေးတိုင်းတို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်း၊ရှမ်းပြည်(မြောက်ပိုင်းနှင့်အရှေ့ပိုင်း)၊ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင် နေ ရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် မနက်ဖြန်၌ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာမည်ဟု သိရသည်။

အလားတူ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ဧရာဝတီ တိုင်း၊ကချင်ပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်လည်း မနက်ဖြန်တွင် ရာနှုန်းပြည့်နေရာကွက်၍မိုးကြီးနိုင်သည်ဟု မိုးဇလမှ အသိပေးကြေညာခဲ့သည်။

ထို့အတူ မြန်မာ့ပင်လယ်ပြင်၌ လှိုင်းအသင့်အတင့်ရှိကာ လှိုင်းအမြင့်သည် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့၌ ၆ ပေမှ ၈ ပေခန့်အထိရှိနိုင်ကြောင်း အသိပေးကြေညာခဲ့သည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here