ထင်ရှားသူများကို ကြိုးပေးမည့်ကိစ္စ ဖြစ်ပေါ်လာမည့် နိုင်ငံရေးအကျိုးဆက်ကို စဉ်းစားသင့်ဟု ဦးကိုကိုကြီးပြော

0
63

ထင်ရှားသူများကို ကြိုးပေးမည့်ကိစ္စ ဖြစ်ပေါ်လာမည့် နိုင်ငံရေးအကျိုးဆက်ကို စဉ်းစားသင့်ဟု ဦးကိုကိုကြီးပြော

နိုင်ငံရေးအရ ထင်ရှားသူများကို ကြိုးပေးမည့်ကိစ္စ ဖြစ်ပေါ်လာမည့် နိုင်ငံရေးအကျိုးဆက်ကို အလေးအနက်ထား စဉ်းစားစေချင်ကြောင်း ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနှင့် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော် အပါအဝင် (၄) ဦးကို သေဒဏ်စီရင်ရန် အတည်ပြုခဲ့သည့်အပေါ် မေးမြန်းချက်ကို ဦးကိုကိုကြီးက ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

” ပြီးခဲ့တဲ့ (၃၄) နှစ် လုံးလုံးမှာ ကြိုးပေးကွပ်မြက်တယ်ဆိုတာ မရှိခဲ့ဘဲနဲ့ အခုချိန်မှ ကျင့်သုံးရင် ဖြစ်ပေါ်လာမယ့် နိုင်ငံရေး အကျိုးဆက်က အဓိက ဖြစ်တယ်လို့ပဲ ကျွန် တော်က ပြောချင်တယ်။ ပြောရရင်တော့ လုပ်ဖော် ကိုင်ဖက်တွေအရရော နိုင်ငံရေးအရ ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ရော ဒီလို ဖြစ်စဉ်မျိုးကို ကျွန်တော်တို့ကတော့ မဖြစ်စေချင်ဘူး။ နိုင်ငံ ရေးအရ အကျိုးဆက်ကိုပဲ အလေးအနက်ထား စဉ်း စားဖို့ ဆုံးဖြတ်ဖို့ ကျွန်တော်တို့ကတော့ တိုက်တွန်းချင်တယ်” ဟု ဦးကိုကိုကြီးက ပြောသည်။

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ကို အကြမ်းဖက်မှု ပုဒ် မများဖြင့် သေဒဏ်ပေးရန် စစ်တရားရုံးက ပြစ်ဒဏ်ချ မှတ်ထားခြင်းဖြစ်ပြီး အဆိုပါ ပြစ်ဒဏ်အား အတည်ပြုကြောင်း ယခုလအစောပိုင်းတွင် နစက၏ ပြောရေးဆို ခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြု ပြောကြားထားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် နှစ်ပေါင်း ၃၀ ကျော် ကာလအတွင်း ကြိုးပေးစီရင်ခြင်းကို မကျင့်သုံးဘဲ နိုင်းငံရေးနည်းလမ်းအရ ဖြေရှင်းရန် ကြိုးစားနိုင်ခဲ့သည့်အတွက် ယခုကဲ့သို နိုင်ငံရေး တင်းမာနေသည့်အချိန်တွင် သေဒဏ်အပါအဝင် ဆုံး ဖြတ်ချက် ဆောင်ရွက်ချက်အားလုံးကို အလေးအနက်ထားစဉ်းစားရန် တိုက်တွန်းလိုသည်ဟုလည်း ဦးကိုကိုကြီးက ပြော သည်။

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့အား အကြမ်း ဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ) နှင့် ၅၀(ည) တို့အရ ပြစ်မှု ထင်ရှားကြောင်း တွေ့ရှိရသဖြင့် သေဒဏ်စီရင်ရန်။ အမိန့် ချမှတ်ခဲ့ခြင်း ဖြစ် ကြောင်း နစကပိုင် သတင်းစာများက ဖော်ပြသည်။

ယင်းသို့ သေဒဏ်အတည်ပြု စီရင်ရန်ကြိုးပမ်းမှုအ ပေါ် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ၏ ဖိအားပေး ဝေဖန်မှုများ မြင့်တက်နေပြီး အာဆီယံကဲ့သို့သော ဒေသတွင်း အဖွဲ့အစည်းများကပါ ပြန်လည်သုံးသပ်ရန် တောင်းဆိုမှုများ ရှိနေခြင်း ဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပြန်လည်စဉ်းစားရန် အာဆီယံ ဥက္ကဋ္ဌကလည်း ပြီးခဲ့သည့် ဇွန် ၁၀ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ အကြောင်း ကြားစာ ပေးပို့ ခဲ့သည်။

အကယ်၍သာ သေဒဏ်စီရင်ခဲ့ပါက မြန်မာ့အရေး ငြိမ်းချမ်းစွာ ဖြေရှင်းရေး အာဆီယံနှင့် ကမ္ဘောဒီး ယား၏ ကြိုးပမ်းချက်များကိုလည်း ဆိုးကျိုးသက် ရောက်စေမည်ဟု အာစီယံ ဥက္ကဋ္ဌ ကမ္ဘောဒီးယား ဝန် ကြီးချုပ်ဟွန်ဆန်က ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here