အမေရိကန်သမ္မတက ၎င်း၏ ဆော်ဒီခရီးစဉ်အား အတည်မပြုရသေးဟုဆို

0
176

အမေရိကန်သမ္မတက ၎င်း၏ ဆော်ဒီခရီးစဉ်အား အတည်မပြုရသေးဟုဆို

လော့စ်အိန်ဂျလိစ်၊ဇွန် ၁၂

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ၎င်းအနေဖြင့် ဆော်ဒီသို့သွားရန် ခရီးစဉ်အားအတည်မပြုရသေးကြောင်းဆိုသည်။

သတင်းအရင်းမြစ်များ၏ ‌ပြောကြားချက်အရ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် ဇွန်လကုန်ပိုင်းတွင် ဥရောပနှင့်အစ္စရေးသို့သွားမည့်ခရီးစဉ်တွင် ဆော်ဒီသို့ပါသွားရန်စီစဉ်ခဲ့ကြောင်းသိရှိရသည်။

“ဆော်ဒီ – အစ္စရေးဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်အတွက် အ‌ရှေ့အလယ်ပိုင်းခရီးစဉ်ကို အသုံးချမည်လား”ဟု နယူးမက္ကဆီကိုမှသတင်းထောက်တစ်ဦးက မေးသောအခါ ဘိုင်ဒင်က “ကျွန်​တော်တို့တွေ့ကြမှာပါ” ဟုသာဆိုခဲ့သည်။

အမေရိကန်တွင်ဓာတ်ဆီစျေးနှုန်းများ လျှော့ချရန်နည်းလမ်းရှာဖွေ​နေချိန်ဖြစ်သည့် ယခုလို အချိန်ခါမျိုးတွင် ဘိုင်ဒင်၏ ဆော်ဒီအာရေဗျနိုင်ငံသို့သွားရောက်လည်ပတ်မည့် ခရီးစဉ်သည်နိုင်ငံချင်းဆက်ဆံရေးကိုပို အားကောင်းစေနိုင်သည်။

အိမ်ဖြူတော်မှအရာရှိတစ်ဦးကမူ “ဆယ်စုနှစ်ရှစ်ခုနီးပါးရှိခဲ့တဲ့ အမေရိကန်နဲ့ဆော်ဒီဆက်ဆံရေးကို ပြန်တည်ဆောက်ရဖို့အရေးကြီးသလို မပြိုကွဲဖို့လည်းအရေးကြီးပါတယ်၊ဆော်ဒီဟာအမေရိကန်ရဲ့မဟာဗျူဟာမြောက်မိတ်ဖက်တစ်ဦးလည်းဖြစ်ပါတယ်” ဟုသောကြာနေ့က ​ပြောကြားခဲ့သည်။

Source – Reuters/aj

 


LEAVE A REPLY

Please enter your comment!
Please enter your name here