သီရိလင်္ကာနိုင်ငံက ရုရှားနိုင်ငံမှစက်သုံးဆီဝယ်ယူရန် ရည်ရွယ်ထား

0
55

သီရိလင်္ကာနိုင်ငံက ရုရှားနိုင်ငံမှစက်သုံးဆီဝယ်ယူရန် ရည်ရွယ်ထား

ကိုလမ်ဘို၊ဇွန် ၁၂

သီရိလင်္ကာနိုင်ငံတွင် မကြုံစဖူး စီးပွားရေးအကျပ်အတည်းကြောင့် ပြတ်လပ်မှုများနှင့်ကြုံတွေ့နေရပြီး ရုရှားထံ၌ရေနံဝယ်ယူရမည့်အ‌ခြေအနေဖြစ်‌ နေသည်ဟု ၎င်း၏ဝန်ကြီးချုပ်က AP သို့ပြောသည်။

ဇွန်လ ၁၁ ရက်စနေနေ့က သတင်းမီဒီယာများနှင့်တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ် Ranil Wickremesinghe က မိမိတို့အနေဖြင့် အခြားအရင်းအမြစ်များကို အရင်ဆုံးရှာဖွေခဲ့သော်လည်း အခြေအနေအရ ရုရှားထံမှသာ ရေနံစိမ်းပိုမိုရရှိနိုင်သည် ဟုဆိုခဲ့သည်။

နိုင်ငံသည် ဆယ်စုနှစ်ခုနစ်ခုအတွင်း အဆိုးရွားဆုံး ဘဏ္ဍာရေးအကျပ်အတည်းကြားတွင်ရှိနေပြီး အစားအသောက်၊လောင်စာဆီနှင့် ဆေးဝါးများအပါအဝင် အရေးကြီးသောသွင်းကုန်များအတွက်ပေးဆောင်ရန် ငွေကြေးပြတ်လပ်နေပြီဖြစ်သည်။

နိုင်ငံတစ်ဝှမ်းဓာတ်ဆီဆိုင်များအနီးတွင် ဆီဖြည့်ရန်စောင့်ဆိုင်းနေသည့် ကီလိုမီတာနှင့်ချီသည့် ယာဥ်တန်းမြင်ကွင်းများသည် ပုံမှန်လိုဖြစ်လာခဲ့ပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်မှုလည်းကြုံနေကြရသည်။

ရုရှား၏စစ်ကိုအင်အားဖြစ်စေမည့် ဝင်ငွေစီးဆင်းမှုကို အမေရိကန်နှင့်၎င်း၏မဟာမိတ်များက ဖြတ်တောက်နိုင်ရန်ကြိုးပမ်းနေချိန်တွင် ရုရှားက၎င်း၏ရေနံစိမ်းကို ဈေးလျှော့ရောင်းချကာ နိုင်ငံအများအပြားကိုစည်းရုံးလျက်ရှိသည်။

သီရိလင်္ကာနိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီး မစ္စတာ Wickremesinghe က နိုင်ငံတွင်ကြွေးမြီများတင်နေသော်လည်းတရုတ်နိုင်ငံထံမှ ဘဏ္ဍာရေးအကူအညီရယူရန် စိတ်အားထက်သန်နေပုံရသည်။

သီရိလင်္ကာ၏ လက်ရှိအကျပ်အတည်းမှာ ကိုယ့်ပြည်တွင်း​ရေးအ​နေထား​ကြောင့်ဖြစ်ရသည့်ပြသနာမှန်​သော်လည်း ယူကရိန်းစစ်ပွဲ​​နောက်ဆက်တွဲက နဂိုပြသနာကို ပိုမိုဆိုးရွားလာ​စေကာ ၂၀၂၄ ခုနှစ်အထိအစာရေစာရှားပါးမှုကိုဆက်လက်ဖြစ်‌ပေါ်စေနိုင်သည်ဟု ၎င်းကဆိုသည်။

ထို့ပြင်ရုရှားနိုင်ငံက သီရိလင်္ကာအား ဂျုံကူညီထောက်ပံ့ရန်လည်းကမ်းလှမ်းထားကြောင်း AP ၏အစီရင်ခံစာတွင်ဖော်ပြထားသည်။သီရိလင်္ကာအနေဖြင့်လည်း အရှေ့အလယ်ပိုင်းရှိ ပုံမှန်ဝယ်ယူနေကျနိုင်ငံများမှ ရေနံနှင့်ကျောက်မီးသွေးရရှိရန် ကြိုးပမ်းနေသည်။ ၎င်းတို့ရင်ဆိုင်နေရသည့်အချက်တစ်ခုမှာ “ရေနံကို ဘယ်ကပဲဝယ်ဝယ် ရုရှားနဲ့အီရန်ကို မကျော်နိုင်ဘဲအဲ့နှစ်နိုင်ငံနဲ့ ဆက်နွယ်​နေတာပါပဲ” ဟုဆိုလေသည်။

Source – Reuters/yb

 


LEAVE A REPLY

Please enter your comment!
Please enter your name here