စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းစျေးနှုန်းမှာ ယခင်ရက်သတ္တပတ်အတိုင်း တစ်ပိဿာလျှင် ၅၆၄၅ ကျပ်ဖြစ်

0
343

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းစျေးနှုန်းမှာ ယခင်ရက်သတ္တပတ်အတိုင်း တစ်ပိဿာလျှင် ၅၆၄၅ ကျပ်ဖြစ်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ န၏ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ဇွန် ၁၃ ရက်မှ ၁၉ ရက်အထိ စားအုန်းဆီ အခြေခံလက်ကားရည် ညွှန်းဈေးနှုန်းမှာ ယခင်ရက်သတ္တပတ်အတိုင်း တစ်ပိဿာလျင် ၅၆၄၅ ကျပ်ဖြစ်ဟု ထုတ်ပြန် ကြေညာခဲ့သည်။

ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများ၌ ဈေးနှုန်းတည်ငြိမ်နေသဖြင့် ရန်ကုန်အထိုင် ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းပြောင်း လဲမှုမရှိခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်းဈေးကွက်အတွင်း၌ စားအုန်းဆီများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်ခြင်းနှင့်မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။

ထိုသို့ ထုတ်ပြန်မှုများရှိသော်လည်း ပြင်ပ၌စားအုန်းဆီဝယ်ယူအသုံးပြုနေရသူများသည် တစ်ပိဿာလျှင် ၈၀၀၀ ဝန်းကျင်ဝယ်ယူသုံးစွဲနေရကြောင်း စားအုန်းဆီဝယ်ယူအသုံးပြု‌နေရသူများထံမှ သိရသည်။

စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ စားအုန်းဆီကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရန် ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများအရ သယ်ယူပို့ ဆောင်ခကုန်ကျစရိတ်များ၊ဘဏ်စရိတ်များ၊ အခွန်အခများထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကိုလည်း ထုတ်ပြန်ပေးလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here