နစက ဥက္ကဋ္ဌနှင့်ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)ဒု-ဥက္ကဋ္ဌဒေါ်စောမြရာဇာလင်း ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး

0
471

နစက ဥက္ကဋ္ဌနှင့်ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)ဒု-ဥက္ကဋ္ဌဒေါ်စောမြရာဇာလင်း ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး

နစက ဥက္ကဋ္ဌနှင့်ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)ဒု-ဥက္ကဋ္ဌဒေါ်စောမြရာဇာလင်းဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁၃ ရက်(ယနေ့) နံနက်ပိုင်းက နေပြည်တော်၌တွေ့ဆုံခဲ့ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် နစက ဥက္ကဋ္ဌနှင့် ALP ဒု- ဥက္ကဋ္ဌဒေါ်စောမြရာဇာလင်းတို့မှ တစ်နိုင်ငံလုံးငြိမ်းချမ်းရေးနှင့်လက်နက်ကိုင်ပဋိပက္ခများချုပ် ငြိမ်းရေးတို့အတွက် ဆွေးနွေးခဲ့ကြသည်။

နစက ဥက္ကဋ္ဌ၏ငြိမ်းချမ်းရေးဆွေးနွေးရေးဖိတ်ခေါ်မှုအား ဆွေးနွေးရန် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဒု- ဥက္ကဋ္ဌဒေါ်စောမြရာဇာလင်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁၂ ရက်က စစ်တွေမြို့မှတဆင့် လေကြောင်းခရီးစဥ်ဖြင့် နေပြည်တော်သို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

နေပြည်တော်လေဆိပ်၌ အမျိုးသားစည်းလုံးညီ ညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်နှင့်တာဝန်ရှိသူများ၊သာသ နာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊အနုပညာဦးစီး ဌာနမှ တိုင်းရင်းသားတိုင်းရင်းသူများ၊ဌာနဆိုင်ရာဝန်ထမ်းများနှင့်ဒေသခံပြည်သူများက ကြိုဆိုခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here