ရွှေတိဂုံစေတီတော်မြတ်ကြီး၌ နယုန်လပြည့်နေ့ မဟာသမယနေ့မင်္ဂလာအခမ်းအနားကျင်းပ

0
222

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ နယုန်လပြည့်နေ့ မဟာသမယနေ့မင်္ဂလာအခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဇွန် ၁၃ ရက်(ယနေ့- နယုန်လပြည့်နေ့)တွင် မဟာသမယနေ့မင်္ဂလာအ ခမ်းအနားအား ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူး၍ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ထေရဝါဒဗုဒ္ဓသာသနာတော် အဓွန့်ရှည်စွာတည် တံ့ခိုင်မြဲစေရန် သာသနာတော်အကျိုး၊စေတီတော်အကျိုးတို့အားရှေ့ရှု့၍ မဟာသမယဒေသနာတော်ဟောကြားတော်မူခဲ့သည့် နယုန်လပြည့်နေ့တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

မဟာသမယနေ့မင်္ဂလာအခမ်းအနားတွင် နံနက် ၅ နာရီ၌ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပ ကအဖွဲ့ဝင်များမှ မြတ်စွာဘုရားရှင်အား ရည်မှန်း ၍ အရုဏ်ဆွမ်းတော်ကြီးဆက်ကပ်လှူဒါန်းကာ နံနက် ၅ နာရီခွဲတွင် ရွှေတိဂုံစေတီတော် ဩဝါဒါ စရိယဆရာတော်ကြီးများအား အရုဏ်ဆွမ်းတော်ကြီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ရွှေတိဂုံစေတီတော်ဩဝါဒါစရိယဆရာ တော်ကြီးများမှ မဟာသမယနေ့ဆိုင်ရာ တရားတော်များအား နံနက် ၆ နာရီခွဲ၌ ဟောကြားတော်မူခဲ့ကြသည်။

အလားတူ နံနက် ၇ နာရီတွင် ဗုဒ္ဓဝေယျာဝစ္စအ သင်းအဖွဲ့များနှင့်ဂေါပကရုံးဝန်ထမ်းများမှ စေတီတော်ရင်ပြင်တော် ရာဟုထောင့်ရှိ ချမ်းသာကြီးတန်ဆောင်း၌ မဟာသမယတရားဒေသနာတော်အားရွတ်ဆိုပူဇော်ခြင်း၊မေတ္တာပို့ဆုတောင်းခြင်းတို့ဖြင့် ပူဇော်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here