အိန္ဒိယကွန်ဂရက်ပါတီ ခေါင်းဆောင် ဆိုနီယာဂန္ဒီ ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် ဆေးရုံတွင်ကုသမူခံယူ​နေ

0
174

အိန္ဒိယကွန်ဂရက်ပါတီ ခေါင်းဆောင် ဆိုနီယာဂန္ဒီ ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် ဆေးရုံတွင်ကုသမူခံယူ​နေ

အိန္ဒိယနိုင်ငံ၏အတိုက်အခံပါတီခေါင်းဆောင် ဆိုနီယာ ဂန္ဒီအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုကြောင့် နယူးဒေလီရှိ ဆေးရုံတစ်ခုသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ဆိုနီယာဂန္ဒီ၏ ဆေးရုံတတ်ရောက်နေမှုအား ၎င်း၏ပါတီမှ ဇွန်လ ၁၂ ရက် တနင်္ဂနွေနေ့၌ တွစ်တာပေါ်တွင် ကြေညာခဲ့သော်လည်း အခြားအသေးစိတ်အချက်အလက်များအား ဖော်ပြထားခြင်း မရှိခဲ့ချေ။ ဇွန်လ ၂ ရက်နေ့ထဲက ဂန္ဒီတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ​နေခဲ့ခြင်းဖြစ်ပြီး ဆယ်ရက်အကြာတွင် ​ဆေးရုံတင်လိုက်ရခြင်းဖြစ်သည်။ ယခုအခါတွင်ကျန်းမာ​ရေးအ​ခြေ​အနေ ​ကောင်းမွန်ပါသည်ဟု သိရသည်

ကွယ်လွန်သွားပြီဖြစ်သော ဝန်ကြီးချုပ် ရာဂျစ်ဂန္ဒီ၏ ဇနီး ဖြစ်သူ အီတလီသူ ဆိုနီယာ ဂန္ဒီသည် ၎င်းကွန်ဂရက်ပါတီ၏ သက်တမ်းအကြာဆုံး ဥက္ကဌ လည်းဖြစ်သည်။

ဗြိတိသျှအင်ပါယာ လက်အောက်မှအိန္ဒိယအား လွတ်လပ်ရေးရအောင် ကွန်ဂရက်ပါတီက ဦးဆောင်ခဲ့ချိန် ၁၉၄၇ ခုနှစ်မှစ၍ ၎င်းပါတီသည် အိန္ဒိယအား ဆယ်စုနှစ်များစွာ အုပ်ချုပ်ခွင့်ရခဲ့သည်။

အသက် ၇၆ အရွယ် ဆိုနီယာ ဂန္ဒီသည် ၂၀၀၄ ခုနှစ် ဥပဒေပြု ရွေးကောက်ပွဲ၌ အနိုင်ရရှိ ​သော်လည်း နိုင်ငံခြားသားဖြစ်​နေခြင်း နှင့် ရိုမန်ကက်သလစ် ဘာသာဝင်ဖြစ်​နေ​သော​ကြောင့် စီးပွားရေးပညာရှင် မန်မိုဟန်ဆင်းအား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ရသည်။

မကြားသေးမီနှစ်များအတွင်း ဆိုနီယာသည် ကျန်းမာရေးကိစ္စဖြင့် အမေရိကန်သို့ အကြိမ်ပေါင်းများစွာ သွားရောက်ခဲ့ကြောင်းသိရသည်။

ယခုအခါ ပါတီသည် အိန္ဒိယနိုင်ငံ၏ လက်တစ်ဆုပ်စာမျှသာ သြဇာလွှမ်းခြုံနိုင်​တော့သည်။

Source: Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here