လမ်းခွဲစကား ပြောသည့် အမျိုးသမီးကို ချစ်သူအမျိုး သားက ဓားဖြင့်ထိုးသတ်

0
611

လမ်းခွဲစကား ပြောသည့် အမျိုးသမီးကို ချစ်သူအမျိုး သားက ဓားဖြင့်ထိုးသတ်

သမီးရည်းစားချင်း စကားများရာမှ လမ်းခွဲရန် ပြောသည့် အမျိုးသမီးကို ချစ်သူ အမျိုးသားက ဓားဖြင့် ထိုးသတ်သည့် ဖြစ်စဉ်တစ်ခု ကချင်ပြည်နယ်၊ ဖားကန့်မြို့ မြို့မရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇွန်လ (၁၂) ရက် ညနေပိုင်းက သမီးရည်းစား နှစ်ဦး ချိန်းတွေ့စဉ် စကား အခြေအတင်များကြရာမှ အဆိုပါ ဖြစ် စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ အမျိုးသမီးမှာ အသက် (၂၈) နှစ် အရွယ် စက်ချုပ်ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်ပြီး ၎င်း၏ ဆိုင်အတွင်း ရည်းစားဖြစ်သူနှင့် စကား‌ပြောနေစဉ် စကားများရာမှ ယခုကဲ့သို့ ဓားဖြင့် ထိုးသတ်ခြင်း ခံရခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

” သမီးရည်း စကားပြောကြရင်း ရန်ဖြစ်ကြတော့ လမ်းခွဲမယ်ပြောလိုက်တယ်။ အဲဒါ မကျေနပ်လို့ ဓါးနဲ့ မသေမချင်း ထိုးသတ်တာ။ သူ့ကိုယ်သူလည်း လက်ကောက် ဝတ်ကို ဓားနဲ့လှီးပြီး ဗိုက်ကိုလည်း ဓားနဲ့ထိုးတယ်” ဟု အနီးပတ်ဝန်းကျင်မှ ဒေသခံတစ်ဦးက ပြောသည်။

ပြစ်မှုကျူးလွန်သူမှာ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာတွင် နေထိုင်သည့် အသက် (၃၂) နှစ်အရွယ် ဘိုဘိုလွင်ဆိုသူ ဖြစ်ပြီး မှာ ဝဲလက်ကောက်ဝတ် ပြတ်ရှ ဒဏ်ရာ၊ ဝမ်း ဗိုက် ထိုးသွင်းဒဏ်ရာ၊ ဝဲဘက်ရင်အုံ ထိုးသွင်း ဒဏ်ရာတို့ဖြင့် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူ ဘိုဘိုလွင်အား အသက် (၃၂) နှစ် အား ဖားကန့်မြို့မ ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ-၃၀၂/ ၃၀၉ ဖြင့် အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here