ပေါက်တောမြို့နယ်၌ လယ်ထွန်နေသည့် အမျိုး သားတစ်ဦး မိုးကြိုးပစ်ခံရ၍သေဆုံး

0
121

ပေါက်တောမြို့နယ်၌ လယ်ထွန်နေသည့် အမျိုး သားတစ်ဦး မိုးကြိုးပစ်ခံရ၍သေဆုံး

ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ်၊ရီပဒေသာကျေးရွာအနီးရှိ လယ်ကွက်အတွင်း၌ ဇွန် ၁၃ ရက် (ယနေ့)နံနက်ပိုင်းက လယ်ထွန်နေသည့် အမျိုး သားတစ်ဦးသည် မိုးကြိုးပစ်ခံရ၍ သေဆုံးသွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ယင်းနေ့နံနက် ၇ နာရီကျော်ခန့်က ဦးမောင်ကျော်စိန်(၄၃)နှစ်သည် လယ်ကွင်းအတွင်း၌ မိုးသည်း ထန်စွာရွာသွန်းနေချိန် လယ်ထွန်နေရာမှ မိုးကြိုး ပစ်ခဲ့သဖြင့် မိုးကြိုးထိမှန်ကာ အခင်းဖြစ်နေရာ ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။

“နားနှစ်ဖက်လုံးက သွေးတွေထွက်ပြီးသေသွားတာ တခြားဘာဒဏ်ရာမှလည်းမရှိဘူး လယ်ထွန်စက်လည်းဘာမှဖြစ်မသွားဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။

Photo-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here