ဖားကန့်မြို့ ရေကန်အတွင်း ပြုတ်ကျခဲ့သောမိသားစုဝင် သုံးဦး၏ ရုပ်အလောင်းအတွက် ရှာဖွေရေးကယ်ဆယ်ရေး ရပ်နား

0
171

ဖားကန့်မြို့ ရေကန်အတွင်း ပြုတ်ကျခဲ့သောမိသားစုဝင် သုံးဦး၏ ရုပ်အလောင်းအတွက် ရှာဖွေရေးကယ်ဆယ်ရေး ရပ်နား

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မော်မောင်းလျှံအတက် လမ်းဆုံတွင် ကားဘီးပေါက်ကာ ပေ ၄၀၀ခန့်အနက်ရှိသည့် ရေကန်အတွင်းပြုတ်ကျခဲ့သည့် မိသားစုဝင်သုံးဦး၏ ရုပ်အလောင်း ရှာဖွေမတွေ့ရှိသည့်အတွက် ယနေ့ ဇွန်၁၃ရက်မှစတင်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ရပ်နားလိုက်ပြီ ဖြစ်ကြောင်း ဒေသခံ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ထံမှသိရသည်။

ပြီးခဲ့သော ဇွန် ၉ ရက်၌ မော်မောင်းလျှံကျေးရွာမှ မိသားစုသည် ၎င်းတို့၏ လသားအရွယ်ကလေးငယ်ကို ကာကွယ်ဆေးထိုးပေးရန် ဖားကန့်သို့အလာ အေးမြသာယာ ကျောက်စိမ်းလုပ်ကွက်ဟောင်း ရေကန်အတွင်းသို့ ကားဘရိတ်ပေါက်၍ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တခြားက ဘာမှမထူးဘူး အလောင်းတွေဘာတွေလည်းမရဘူး။ ဒီနေ့ထိတောင်မရဘူး။ အခု မရှာတော့ဘူး အလောင်းပေါ်လာမလားဆိုပြီး မနက်တစ်ခေါက် ညနေတစ်ခေါက် လှေနဲ့ပတ်ပြီး စောင့်ကြည့်တာမျိုးပဲ လုပ်တော့တယ် ဟု ဆိုသည်။

ယင်းဖြစ်စဥ်တွင် ပြုတ်ကျခဲ့သည့် ပါဂျဲရိုးကားအမျိုးအစားကို ဇွန်လ ၁၁ ရက်နေ့က ရှာဖွေနိုင်ခဲ့ပြီး ရုပ်အလောင်းများမှာရှာမတွေ့နိုင်ခဲ့သည့်အတွက် ယခုကဲ့သို့ ရပ်နားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းမိသားစု ကားပြုတ်ကျခဲ့သည့် ရေကန်မှာ ပေ ၄၀၀ ခန့်နက်သည့် ကျောက်စိမ်းလုပ်ကွက်ဟောင်းဖြစ်သည့် အတွက် ယခုကဲ့သို့ရုပ်အလောင်းပြန်တွေ့နိုင်ရန် ခက်ခဲနေခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ အောင်ဇော်မိုး ဖားကန့်


LEAVE A REPLY

Please enter your comment!
Please enter your name here