တိုင်းနှင့်ပြည်နယ် ၄ ခုရှိ စာသင်ကျောင်းများ၌ ကျောင်းတက်ရောက်ခြင်းမပြုရန် ခြိမ်းခြောက်စာများကပ်၍ နှောင့်ယှက်မှုများရှိဟု နစက ထုတ်ပြန်

0
263
တိုင်းနှင့်ပြည်နယ် ၄ ခုရှိ စာသင်ကျောင်းများ၌ ကျောင်းတက်ရောက်ခြင်းမပြုရန် ခြိမ်းခြောက်စာများကပ်၍ နှောင့်ယှက်မှုများရှိဟု နစက ထုတ်ပြန်
ပဲခူးတိုင်း၊စစ်ကိုင်းတိုင်း၊မွန်ပြည်နယ်နှင့်ကရင် ပြည်နယ်တို့ရှိ အခြေခံပညာကျောင်းများ၌ ဆရာ၊ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူများအား ကျောင်းတက်ရောက်ခြင်းမပြုရန် ခြိမ်းခြောက်စာများကပ်၍ နှောင့်ယှက်မှုများရှိခဲ့သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။
ဖြစ်စဥ်များတွင် အမည်မသိလက်နက်ကိုင်အဖွဲ့များမှ ပဲခူးတိုင်း၊ရွှေကျင်မြို့နယ်၊တံခွန်တိုင်ကျေး ရွာရှိ အ.ထ.က ကျောင်း၌ ဇွန် ၁၂ ရက်နံနက် ၁၀ နာရီခန့်တွင် ကျောင်းတက်ရောက်ခြင်းမပြုရန် ဟန့်တားသည့်ခြိမ်းခြောက်စာများလာရောက်ကပ် ထားခဲ့သည်။
ထို့ပြင် ဇွန် ၁၂ ရက်နံနက် ၁၁ နာရီခန့်တွင်လည်း စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်၊ကျောက္ကာကျေးရွာသို့ လက်နက်ကိုင်အဖွဲ့ဝင် ၂၀ ဦးခန့်ဝင်ရောက်လာကာ သေနတ်များပစ်ဖောက်၍ အ.လ.က(ခွဲ)ကျောက္ကာ၏ ကျောင်းအုပ်ဆရာကြီးနေအိမ်ပေါ်သို့ တက်ရောက်ရှာဖွေပြီး နေအိမ်ခြံစည်းရိုး၌ ကျောင်းမတက်ရန် ခြိမ်းခြောက်စာ ၁ စောင်ကပ်သွားခဲ့ကြောင်း သိရသည်။
အလားတူ ယင်းနေ့နံနက် ၆ နာရီ ၄၅ မိနစ်ခန့်၌ မွန်ပြည်နယ်၊ရေးမြို့နယ်၊အောင်သပြေကျေးရွာရှိ တောင်စွန်း အ.ထ.က(ခွဲ)နှင့်သံဖြူဇရပ်မြို့နယ်၊ အေးကမ္ဘာကျေးရွာရှိ အ.မ.က ကျောင်းတို့၌ ဆ ရာ၊ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူများ ကျောင်းတက်ရောက်ခြင်းမပြုရန် ဟန့်တားသည့် ခြိမ်းခြောက်စာများကပ်သွားကြောင်း သိရသည်။
ထို့အတူ ဇွန် ၁၃ ရက်နံနက် ၇ နာရီခွဲတွင် ကရင် ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံကျေးရွာရှိ အ.ထ.က ကျောင်း၌ ဆရာဆရာမများနှင့်ကျောင်းသား၊ကျောင်းသူများအား ကျောင်းတက်ရောက်ခြင်းမပြုရန် ဟန့်တားသည့် ခြိမ်း ခြောက်စာများကပ်သွားခဲ့သည်။
ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များမှ ခြိမ်းခြောက်စာများကပ်ထားခဲ့သူများအား ဖမ်းဆီးရမိရေးအ တွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here