ကမ္ဘောဒီးယားနိုင်ငံတွင် တရုတ်ရေတပ်အခြေစိုက်စခန်းတည်ဆောက်

0
122
ကမ္ဘောဒီးယားနိုင်ငံတွင် တရုတ်ရေတပ်အခြေစိုက်စခန်းတည်ဆောက်
အာဆီယံနိုင်ငံများအနေဖြင့် တရုတ်နှင့်အမေရိကန်ကြား မည်သည့်ဘက်ကိုမှ ရပ်တည်ရွေးချယ်မည်မဟုတ်ဟုခန့်မှန်းထားသော်လည်း ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အင်အားကြီးသောမိတ်ဖက်တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ကာ ဆက်ဆံသွားမည့်ပုံပေါ်နေသည်ဟု ကျွမ်းကျင်သူများမှသုံးသပ်​နေကြသည်။
ယခုလအစောပိုင်းက ကမ္ဘောဒီးယားနိုင်ငံ Sihknoukville ဒေသတွင် တရုတ်နိုင်ငံမှတည်ဆောက်သော ရေတပ်အခြေစိုက်စခန်းဖွင့်ပွဲအပြီးတွင် ကမ္ဘောဒီးယားနိုင်ငံ၏ကာကွယ်ရေးဝန်ကြီး မစ္စတာ Tea Banh နှင့် တရုတ်သံအမတ် မစ္စတာ Wang Wentian တို့ အတူတူရေကူးခဲ့ကြသည့် ဓာတ်ပုံများလည်းပေါ်ထွက်လာခဲ့သည်။Ream ရေတပ်အခြေစိုက်စခန်းသည် အရှေ့တောင်အာရှတွင် တရုတ်၏ပထမဆုံး ရေတပ်စခန်းဖြစ်သည်။
အဆိုပါ Ream ရေတပ်စခန်းကိုတရုတ်၏ စစ်​ရေးကင်းလှည့်မှုများ တိုးချဲ့ဆောင်ရွက်ရန်လမ်းကြောင်းတစ်ခုအဖြစ်ရည်ရွယ်ထားသည်။သို့သော်လည်း ကမ္ဘောဒီးယားသည် တရုတ်ကိုစစ်ရေးအရ အထူးအ‌လေးပေးဆက်ဆံနေသည်ဟုဆိုပါက ထိုစကားသည် “စော်ကားမှုသက်သက်” သာဖြစ်သည်ဟုကာကွယ်ရေး၀န်ကြီး Tea Banh ကဆိုသည်။
ကမ္ဘောဒီးယားသည် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်ပြီး ၎င်း၏ ကံကြမ္မာကို ဆုံးဖြတ်ပိုင်ခွင့် အပြည့်အဝရှိသည်ဟုလည်းမစ္စတာ Tea Banh က ဆိုသည်။
ပြီးခဲ့တဲ့လက အမေရိကန်နိုင်ငံတွင်ကျင်းပခဲ့သော အာဆီယံ – အမေရိကန် ထိပ်သီးအစည်းအဝေးသို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာ
ဟွန်ဆန် သွားရောက်ချိန်တွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ၎င်းတို့နှင့်ကမ္ဘောဒီးယားအကြား ဒေသတွင်းဘုံရည်မှန်းချက်များကိုလုပ်ဆောင်သွားရန်ကတိပြုခဲ့သည်။
အမြဲအငြင်းပွားနေသော အမေရိကန် – တရုတ်ဆက်ဆံရေးနှင့်ပတ်သက်လာလျှင်အာဆီယံနိုင်ငံများအနေဖြင့်အပြင်ပန်းကြည့်လျင် ဘက်လိုက်မူ​တွေ့ရမည်မဟုတ်ပေ။
သို့သော် မကြာသေးမီကာလများအတွင်း တရုတ်က အရှေ့တောင်အာရှတစ်ဝှမ်းလုံးတွင်ငွေကြေးနှင့်အကူအညီများ ပံ့ပိုးပေးလျက်ရှိသည်။ကျွမ်းကျင်သူများက အမေရိကန်အနေဖြင့် တစ်ခုခုကိုအမြန်မလုပ်ဆောင်ပါက တရုတ်ကိုရှုံးနိုင်ခြေရှိသည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။
ဝါရှင်တန်၌ ကျင်းပသော အမေရိကန် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ မြန်မာကို မဖိတ်ကြားခြင်းမှလွဲ၍ အခြားသောအရှေ့တောင်အာရှနိုင်ငံများ၏သ​ဘောထားမှာလည်း ရှင်းရှင်းလင်းလင်းမရှိပေ။
Source – Benar News

LEAVE A REPLY

Please enter your comment!
Please enter your name here