ရဟတ်ယာဉ်အမှုနှင့် ပတ်သက်၍ တရားလိုဘက်မှ စာရွက်စာတမ်းများတင်ပြခဲ့

0
122

ရဟတ်ယာဉ်အမှုနှင့် ပတ်သက်၍ တရားလိုဘက်မှ စာရွက်စာတမ်းများတင်ပြခဲ့

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ နှစ်ဦးအပေါ် စွဲဆိုထားသော ရဟတ်ယာဉ် ၀ယ်ယူမှုနှင့် သက်ဆိုင်သော စာရွက်စာတမ်းမျာကို ယမန်နေ့ ဇွန် ၁၃ ရက် ရုံးချိန်းတွင် တရားလို ဦးအောင်ခန့် ဘက်မှတင်ပြခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းက ဆိုသည်။

ယမန်နေ့ ဇွန် ၁၃ ရက်၌ တရားခွင်မစတင်မီ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ နှစ်ဦးကို ရှေ့နေအဖွဲ့က တွေ့ဆုံခဲ့ကြပြီး၊ နှစ်ဦးစလုံးကျန်းမာရေးကောင်းမွန်နေသည်ကို တွေ့ရသည်ဟုဆိုသည်။

ထို့နောက် တရားခွင်စတင်ခဲ့ရာတွင် ရဟတ်ယာဉ်နှင့် ပတ်သက်၍ စွဲဆိုခံထားရသော ရာကြီးမှုအမှတ် ၄၉ ကို ရုံးတော်က စတင်ကြားနာပြီး တရားလို ဦးအောင်ခန့်ကို စစ်ဆေးမေးမြန်းခဲ့ကြပြီး၊ တရားလိုဖြစ်သူက ရဟတ်ယာဉ်နှင့် သက်ဆိုင်သော စာရွက်စာတမ်းများကို ရုံးတော်သို့ တင်ပြခဲ့သည်။

ထို့နောက် တစ်ဖက်ရှေ့နေအဖွဲ့မှ စာရွက်စာတမ်းများကို စိစစ်ရန်နှင့် ချေပမေးမြန်းခွင့်အတွက် ပြင်ဆင်ရန် အချိန်လိုအပ်ကြောင်း လျှောက်ထားခဲ့ကြသဖြင့် ရုံးချိန်းပြန်လည်ချိန်းဆိုလိုက်သည်။

တစ်ဖက်ရှေ့နေအဖွဲ့က စာချုပ်ပါအချက်အလက်များကို သေချာစိစစ်ပြီးပါက တရားလို ဉီးအောင်ခန့်အား ဆက်လက် စစ်မေးမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ရာကြီးမှုအမှတ် ၅၀ ကို ဆက်လက် စစ်ဆေးခဲ့ရာ တရားလို ဦးသိန်းမင်းဟိန်းကို စစ်ဆေးကြားနာခဲ့ကြပြီး အဆိုပါ အမှု နှစ်မှုကို ဇွန် ၂၀ ရက်နေ့သို့ ပြန်လည်ချိန်းဆိုထားသည်။

ယနေ့တွင် ရဟတ်ယာဉ်အမှု နှင့် သက်ဆိုင်သော ရာကြီးမှု အမှတ် ၄၆နှင့် ၄၇ အမှု နှစ်မှု ကို နေပြည်တော် ဇဗ္ဗူသီရိ အထူးသီးသန့်တရားရုံးတွင် စစ်ဆေးရန်ရှိနေပြီး ယင်းအမှု နှစ်မှုအတွက် ဒုဝန်ကြီး ဦးစိုးအောင် လာရောက် အစစ်ဆေးခံမည်ဖြစ်ကြောင်း သိရသည်။

Photo Credit -Myanmar Digital News


LEAVE A REPLY

Please enter your comment!
Please enter your name here