Thursday, November 21, 2024

ပြည်ပသို့ ရေထွက်ကုန် တင်ပို့မှု ယမန်နှစ်ထက်...

ယခု၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုကို ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ (၁၀)သန်းကျော် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ...

မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ မြန်မာနိုင်ငံက အများဆုံးဖြစ်လာဟု...

မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် လက်နက်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးသူဦးရေသည် မြန်မာနိုင်ငံက အများဆုံးဖြစ်လာကြောင်း နိုင်ငံတကာ မြေမြှုပ်မိုင်းသုံးစွဲမှု ပပျောက်ရေးလှုပ်ရှားမှုအဖွဲ့ (International Campaign to Ban...

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားသမား (၁၂၀၀၀)...

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားသမား (၁၂၀၀၀) ခန့် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဝန်ကြီးဌာနအဆင့်၌ စုစုပေါင်း အားကစားသမား (၅၂၀၀) ကျော်၊...

ဧည့်ဝန်ဆောင်မှုနှင့် ခရီးသွားလုပ်ငန်းဘာသာရပ်များကို ဒီပလိုမာနှင့် ဘွဲ့ဒီဂရီ...

ဟိုတယ်နှင့် ခရီးသွားကဏ္ဍအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်မွေးထုတ်နိုင်ရေးအတွက် နိုင်ငံအဆင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ သက်မွေးသင်တန်းကျောင်းတည်ထောင်နိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ (၂၀)ရက်၌ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတွင်...
HomeCelebrities' Newsကိုးရီးယားအဖွဲ့ NCT 127သည်...

ကိုးရီးယားအဖွဲ့ NCT 127သည် စင်္ကာပူတွင် ဖျော်ဖြေမည်

ကိုးရီးယားအဖွဲ့ NCT 127သည် စင်္ကာပူတွင် ဖျော်ဖြေမည်

တောင်ကိုရီးယား ယောင်္ကျားလေး ကေပေါ့ဂီတအဖွဲ့ NCT 127 သည် ဇူလိုင်လ ၂ ရက်နေ့၌ စင်္ကာပူမိုးလုံလေလုံအားကစားရုံတွင် လာရောက်ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

နီယီုစီးတီး : စင်္ကာပူ – လင့်ခ်( Neo City – The Link tour) ဟုအမည်ပေးထားသော အဆိုပါဖျော်ဖြေပွဲ၏ လက်မှတ်များကို Ticketmaster လက်မှတ်အရောင်း ဝက်ဘ်ဆိုက်မှ (ဇွန်လ ၁၄ ရက်) အင်္ဂါနေ့ ညနေ ၄ နာရီမှ စတင်ရောင်းချသွားမည်ဖြစ်ပြီး ဈေးနှုန်းမှာ စင်္ကာပူဒေါ်လာ ၁၆၈ (မြန်မာငွေ ၂သိန်း ၂ သောင်းကျော်) မှ စင်္ကာပူဒေါ်လာ ၂၈၈ (မြန်မာငွေ ၃သန်း ၈သောင်းကျော်) အထိရှိကြောင်း သိရသည်။

အဖွဲဝင် ကိုးဦးပါဝင်သော NCT 127 အဖွဲ့သည် ၎င်း၏ နီယီုစီးတီး : စင်္ကာပူ – လင့်ခ် လိုက်လံဖျော်ဖြေပွဲ ( Neo City – The Link tour )အား ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ၌ ဆိုးလ်တွင် စတင်ဖျော်ဖြေခဲ့ပြီး ယခုနှစ် မေလ၌ ဂျပန်တွင် ဆက်လက်ဖျော်ဖြေခဲ့သည်။

လက်ရှိ NCT 127 အဖွဲ့၌ မွန်းထယ်အီးလ်၊ ဂျွန်နီဆူ၊ လီထယ်ယောင်၊ ယူတာ နာကာမိုတို၊ ကင်မ်ဒုံယောင်း(ဒိုယောင်း)၊ ဂျောင်ယန်အို(ဂျယ်ဟွန်)၊ ကင်မ်ဂျွန်ဝူ၊ မက်ခ်လီ နှင့် လီဒုံဟက်(ဟီချန်) ပါဝင်ကြောင်း သိရသည်။

အဖွဲ့ဝင် ၂၃ ဦးရှိသည့် မူလ NCT အဖွဲအား NCT U နှင့် NCT 127 ဟူ၍နှစ်ဖွဲ့ခွဲထားကာ နှစ်ဖွဲ့စလုံးရှိ အဖွဲဝင်များသည် ထွက်ရှိထားသည့် အယ်လ်ဘမ်ပေါ် မူတည်၍အဖွဲ့ပြောင်းကာ ဖျော်ဖြေရကြောင်း သိရသည်။

NCT 127 သည် ၂၀၁၉ခုနှစ် ဇူလိုင်တွင်လည်း ၎င်းတို့၏ နယ်လှည့်ဖျော်ဖြေပွဲ(Neo City – The Origin tour)အား စင်္ကာပူ မိုးလုံလေလုံကွင်း၌ ပြုလုပ်ခဲ့​သေးသည်။

Source: CNA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်ပသို့ ရေထွက်ကုန် တင်ပို့မှု ယမန်နှစ်ထက် အမေရိကန်ဒေါ်လာ (၁၀)သန်းကျော်ဖိုး ပိုမိုတင်ပို့နိုင်ခဲ့

ယခု၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုကို ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ (၁၀)သန်းကျော် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ အောက်တိုဘာလကုန်အထိ ပြည်ပသို့ ရေထွက်ကုန်ပစ္စည်း မက်ထရစ်တန် (၂၉၀,၀၀၀) ကျော်တင်ပို့နိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၃၈၅)သန်းကျော် ရရှိခဲ့ခြင်းဖြစ်သည်။ ထိုသို့တင်ပို့ရာတွင် မြန်မာ့ရေထွက်ကုန်များကို တရုတ်၊ဂျပန်၊ ကိုရီးယား၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအပါအဝင် နိုင်ငံပေါင်း (၁၄၀) ကျော်ကို နှစ်စဉ် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းနှင့် နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းမှ တင်ပို့လျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ရေထွက်ပစ္စည်းပြုပြင်ထုတ်လုပ်သည့် စက်ရုံပေါင်း (၁၄၀)...

မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ မြန်မာနိုင်ငံက အများဆုံးဖြစ်လာဟု ICBL အစီရင်ခံစာတွင်ဖော်ပြ

မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် လက်နက်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးသူဦးရေသည် မြန်မာနိုင်ငံက အများဆုံးဖြစ်လာကြောင်း နိုင်ငံတကာ မြေမြှုပ်မိုင်းသုံးစွဲမှု ပပျောက်ရေးလှုပ်ရှားမှုအဖွဲ့ (International Campaign to Ban Landmines - ICBL) ၏ နိုဝင်ဘာ (၂၀) ရက်ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ အစီရင်ခံစာတွင် ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် လက်နက်ပစ္စည်းကြောင့် လူတစ်ထောင်ကျော် (၁,၀၀၃ ဦး) သေဆုံးခဲ့ကာ ပထမဆုံးအကြိမ် လူသေဆုံးမှု အများဆုံးနိုင်ငံဖြစ်ခဲ့သည်ဟု ဆိုသည်။ ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း မြေမြှုပ်မိုင်းနှင့်...

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားသမား (၁၂၀၀၀) ခန့် ဝင်ရောက်ယှဉ်ပြိုင်မည်

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားသမား (၁၂၀၀၀) ခန့် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဝန်ကြီးဌာနအဆင့်၌ စုစုပေါင်း အားကစားသမား (၅၂၀၀) ကျော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်၌ အားကစားသမား (၆၆၀၀) ကျော်နှင့် မသန်စွမ်းအားကစားသမား (၁၄၀) ကျော်ဖြစ်ကြောင်း အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။ အဆိုပါ အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ (၉) ရက်နှင့် ပိတ်ပွဲအခမ်းအနားကို ဒီဇင်ဘာ (၂၀) ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။ ပြိုင်ပွဲများကို ဒီဇင်ဘာ (၂) ရက်မှစတင်ကာ နေပြည်တော်ရှိ အားကစားကွင်းများ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071