ဖားကန့်တွင် ရေကြီးရေလျှံဖစ်ပွားမှုကြောင့် ဒေသခံပြည်သူ နှစ်ထောင်ကျော် အကူအညီ လိုအပ်နေ

0
167

ဖားကန့်တွင် ရေကြီးရေလျှံဖစ်ပွားမှုကြောင့် ဒေသခံပြည်သူ နှစ်ထောင်ကျော် အကူအညီ လိုအပ်နေ

ဖားကန့်မြို့တွင် မိုးရက်ဆက်ရွာသွန်းမှုကြောင့် ဥရုချောင်းရေမြင့်တက်လာခဲ့ရာ ရပ်ကွက် လေးရပ်ကွက်အတွင်း ရေနစ်မြှုပ်မှုဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူ ၂၀၀၀ ကျော် အကူအညီ လိုအပ်လျှက်ရှိနေကြောင်း ဒေသခံ ပြည်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန် ၁၁ရက် မွန်းလွဲပိုင်းမှစတင်၍ ရေကြီးရေလျှံဖြစ်ပွားခဲ့ရာ ဇွန် ၁၃ ရက်နေ့ ညနေပိုင်းအချိန်အထိ ရေကြီးရေလျှံမှုဆက်လက် ဖြစ်ပွားနေခြင်းဖြစ်သည်။

“ မနေ့ကအထိတော့ ရေက ဖြည်းဖြည်းချင်းပြန်ကျနေတယ်။ ရေပြန်ကျနေတာတောင် ခါးလယ်လောက်အထိ ရှိတယ်။ အနိမ့်ပိုင်းရပ်ကွက်တွေကတော့ လှေနဲ့သွားလာနေရတုန်းပေါ့။

ဒီနေ့တော့ တော်တော်ကျသွားပါပြီ။ မိုးဆက်ရွာရင်တော့ ဥရုချောင်း ရေကြီးမှုပေါ်မူတည်ပြီး ရေတက်တတ်ပါတယ်။ ရေကျနေပေမယ့် ဒီကလူတွေ လိုအပ်တာက စားရေးသောက်ရေးကိစ္စပါ။ ရေတက်တဲ့ နောက်ဆက်တွဲ ပြဿနာတွေပေါ့။

ချက်ချင်းကြီး ချက်ပြုတ်စားဖို့ အဆင်မပြေသေးတော့ အစားအသောက်အတွက် အကူအညီလိုအပ်နေပါတယ်” ဟု ဒေသခံ ပြည်သူတစ်ဦးက ဆိုသည်။

ယနေ့ ဇွန် ၁၄ ရက်အထိ ရေတစ်ဖြည်းဖြည်းကျဆင်းသွားပြီဖြစ်သော်လည်း ဒေသခံ ပြည်သူ၂၀၀၀ ကျော်မှာ ချက်ပြုတ်စားသောက်ရန်အဆင်မပြေမှုများကြုံတွေနေရပြီး၊ ယင်းအတွက် ကွန်းဖောင်ဒေးရှင်းပရဟိတအဖွဲ့မှ အစားအသောက်များ လိုက်လံဝေငှပေးကြောင်း သိရသည်။

ဥရုချောင်းရေမြင့်တက်မှုကြောင့် ဖားကန့်ကျောင်းဝိုင်း၊ ငှက်ပျောတော၊ မရှီကထောင်၊ မြို့မ နှင့် အေးမြသာယာ ရပ်ကွက်တို့ရှိ လူနေအိမ် ရ၀ ကျော် ရေနစ်မြှပ်ခဲ့ရပြီး၊ နီးစပ်ရာ ဆွေမျိုးသားချင်းများထံတွင်ခိုလှုံနေကြရေ ကြာင်းဒေသ သိရသည်။

ဖားကန့်မြို့တွင် ၂၀၂၀ ခုနှစ် သြဂုတ်လအတွင်း ဥရုချောင်းရေကြီးမှုကြောင့် အိမ်ထောင်စု တစ်ထောင်ကျော် လူဦးရေလေးထေင်အထိ ရေဘေးသင့်မှု ဖြစ်ပွားခဲ့ခြင်းမျိုးရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here