သရက်ချောင်းမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး၏ နေအိမ်မီးရှို့ခံရ

0
231

သရက်ချောင်းမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး၏ နေအိမ်မီးရှို့ခံရ

တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာမှာ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး၏ နေအိမ်ကို မီးရှို့ ဖျက်ဆီးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇွန်လ (၁၃) ရက် မွန်းလွဲ (၂) နာရီဝန်းကျင်က ရငဲကျေးရွာတွင် နေထိုင်သည့် ပြည်ခိုင်ဖြိုး ပါတီဝင် ဦးဖိုးထော်ဆိုသူ၏ နေအိမ်ကို မီးရှို့ ဖျက်ဆီးခံခဲ့ရခြင်း ဖြစ်ကြောင်းသိရသည်။

” မနေ့က ဖြစ်တာ။ အိမ်တစ်ခြမ်း ကုန်သွားတယ်” ဟု အဆိုပါ ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

နေအိမ်မီးရှို့ဖျက်ဆီးခံရသူ ဦးဖိုးထော်သည် စစ်တပ်ကို သတင်းပေးနေသူ ဖြစ်သည်ဆိုသည့် အကြောင်းပြချက်ဖြင့် ယခုလို မီးရှို့ ဖျက်ဆီးခံရခြင်း ဖြစ်ကြောင်းလည်း ၎င်း ဒေသခံက ပြောသည်။

” အဓိကတော့ ဒလန်ပေါ့။ ဒလန် လုပ်တယ်ဆိုတဲ့ အ ကြောင်းပြချက်နဲ့ လုပ်ကြတာ။ လူကတော့ ဘာမှ မဖြစ်ပါဘူး” ဟု ‌၎င်းက ပြောသည်။

မီးရှို့သူများသည် ကျေးရွာ အုပ်ချုပ်ရေးမှူး အိမ်နှင့် ရွာအတွင်းမှ ဒေသခံရွာသားတစ်ဦးတို့၏ နေအိမ်များကိုလည်း ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး လူမ‌ရှိသည့် အတွက် ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှ ပြည်ခိုင်ဖြိုးပါတီဝင် အချို့နှင့် ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်အချို့ကို သေနတ်ဖြင့် ပစ်ခတ်သတ် ဖြတ်မှုများ ဖြစ်ပေါ်ခဲ့သည်။

နစက မှ အာဏာရယူထားသည့် (၁)နှစ်ကျော် ကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်ခိုင်ဖြိုးပါ တီဝင် ၂၀၀၀ နီးပါး ပစ်ခတ်သတ်ဖြတ်ခြင်း ခံထားရကြောင်း ပြည်ခိုင်ဖြိိုးပါတီ သတင်းရင်းမြစ်များထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here