တန့်ယန်းမြို့နယ်၌ ကိုယ်ပိုင်ကားလမ်းချော်၍ သစ်ပင်ဝင်တိုက် အမျိုးသား ၁ ဦးသေဆုံး

0
167

တန့်ယန်းမြို့နယ်၌ ကိုယ်ပိုင်ကားလမ်းချော်၍ သစ်ပင်ဝင်တိုက် အမျိုးသား ၁ ဦးသေဆုံး

ရှမ်းပြည်(မြောက်ပိုင်း)၊တန့်ယန်းမြို့နယ်ရှိ တန့်ယန်း-ပန်ဆန်းသွားကားလမ်းတွင် ဇွန် ၁၃ ရက်ည ၆ နာရီကျော်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တန့်ယန်းမြို့နယ်အရန်မီးသတ်တပ်ရင်းမှ သိရသည်။

တန့်ယန်း-ပန်ဆန်းသွားကားလမ်းအတိုင်း မောင်းနှင်လာသည့် ကိုယ်ပိုင်ကားသည် ဟုန်ပန်းခြံလမ်း ခွဲအကျော် အခင်းဖြစ်နေရာအရောက် လမ်းချော်သွားကာ လမ်းဘေးရှိသစ်ပင်အား အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သစ်ပင်အားဝင်တိုက်မိသဖြင့် ကားမောင်းသူမှာကားအတွင်းညပ်နေပြီး အမျိုးသား ၁ ဦးမှာထိ ခိုက်ဒဏ်ရာများရ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားကာ အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၃ ဦးတို့တွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အား တန့်ယန်းမြို့နယ်အရန်မီးသတ်တပ် ရင်းမှအဖွဲ့ဝင်များနှင့်တန့်ယန်းလူငယ်လူမှုကူညီရေးအသင်းတို့မှ ညပ်နေသည့်ကားမောင်းသူအား ကူညီကယ်ဆယ်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် သေဆုံးသူနှင့်ထိခိုက်ဒဏ်ရာရရှိသူများအား လူနာတင်ကား၊နာရေးတင်ကားတို့ဖြင့် တန့်ယန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here