တာချီလိတ်မြို့၌ အမျိုးသမီးငယ်တစ်ဦးအား ပြန်ပေးဆွဲ၍ ကားပေါ်တင်လာသူ ၄ ဦးအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိ

0
235

တာချီလိတ်မြို့၌ အမျိုးသမီးငယ်တစ်ဦးအား ပြန်ပေးဆွဲ၍ ကားပေါ်တင်လာသူ ၄ ဦးအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိ

ရှမ်းပြည်နယ်၊တာချီလိတ်မြို့၊ဆန်ဆိုင်း(ခ)ရပ် ကွက်၊ဂေါက်ကွင်းလမ်းဆုံတွင် အမျိုးသမီးငယ် ၁ ဦးအား ပြန်ပေးဆွဲ၍ကားပေါ်တင်လာသည့် အ မျိုးသား ၄ ဦးအား ဇွန် ၁၃ ရက်ညပိုင်းက နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းနေ့ည ၇ နာရီကျော်ခန့်က ဂေါက်ကွင်းလမ်း ဆုံတွင် တာချီလိတ်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်စဥ် လောက်ကိုင်မြို့နေ အားရှဲန်(၂၂)နှစ်မောင်းနှင်ကာ လောက်ကိုင်မြို့နေ အောင်နိုင်(၁၈)နှစ် တာချီလိတ်မြို့နေသူများဖြစ်သည့် အားလုံ(ခ)ရန်ဇူချင်(၂၂)နှစ်နှင့်ရွှီထိုက်ချိုင်း(၂၀)နှစ်တို့လိုက်ပါလာသည့် ကိုယ် ပိုင်ကားအား တားဆီးစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာကားပေါ်၌ ၎င်းတို့နှင့်အတူ အ မျိုးသမီးငယ်တစ်ဦးအား ပုဆိုးဖြင့်အုပ်ကာပါးစပ်အားလက်ဖြင့်ပိတ်၍ ခေါ်ဆောင်လာသည်ကိုတွေ့ရှိရသဖြင့် ကားပေါ်ပါလာသူများအား တာချီလိတ်မြို့မရဲစခန်းတွင် စစ်ဆေးခဲ့ကြသည်။

စစ်ဆေးချက်အရ မကာအိုခမ်းရပ်ကွက်ရှိ မြို့ ပတ်လမ်းမပေါ်တွင် အဆိုပါ အမျိုးသမီးငယ်၏ iphone-13 အားလုယက်၍ ကျဥ်စက်ဖြင့်ထောက်ကာ အမျိုးသမီးငယ်အား ပြန်ပေးဆွဲခေါ်ဆောင်လာခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူ ၄ ဦးအား တာချီလိတ်မြို့မရဲစခန်းမှ အမှုဖွင့်ကာ ဥပဒေအရအရေးယူရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here