လျှပ်စစ်မီတာခများတိုးမြှင့်ကောက်ခံမည်ဆိုသည့်သတင်းမှာ မဟုတ်မှန်​ကြောင်း YESC အသိပေး

0
352

လျှပ်စစ်မီတာခများတိုးမြှင့်ကောက်ခံမည်ဆိုသည့်သတင်းမှာ မဟုတ်မှန်​ကြောင်း YESC အသိပေး

လူမှုကွန်ယက်စာမျက်နှာများနှင့်ပြင်ပတွင် ပြန့်နှံ့နေသည့် လျှပ်စစ်မီတာခများတိုးမြှင့်ကောက်ခံမည်ဆိုသည့်သတင်းမှာ မဟုတ်မှန်ကြောင်း ရန်ကုန်လျှပ်စစ်ဓာ်အားပေးရေးကော်ပို ရေးရှင်း(YESC)မှ အသိပေးကြေညာခဲ့သည်။

ထွက်ပေါ်နေသည့် မီတာခတိုးမြှင့်ကောက်ခံမည်ဆိုသော မဟုတ်မှန်သတင်းမှာ ၂၀၁၉ ခုနှစ်မှသတင်းအား ပြန်လည်ကူးယူဖော်ပြနေခြင်းဖြစ် သည်ဟု YESC မှရှင်းလင်းအသိပေးကြေညာခဲ့သည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ၂၀၁၉ ခုနှစ်၊ ဇူ လိုင် ၁ ရက် ယခင် ၃ နှစ်မှစ၍ မီတာခနှုန်းထားများအား ပြင်ဆင်သတ်မှတ်ခဲ့ပြီး ယနေ့အထိ ယင်း နှုန်းထားများအတိုင်းသာ ကောက်ခံလျက်ရှိသည်ဟု YESC မှအသိပေးကြေညာခဲ့သည်။

ထို့ကြောင့် ကောက်ခံလျက်ရှိသည့် မီတာခနှုန်း ထားများအား ယခင်အတိုင်း ပြောင်းလဲမှုမရှိကြောင်း YESC မှ အသိပေးကြေညာခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here