အမရပူရမြို့နယ်၌ ငွေကျပ် ၁ ဒသမ ၆ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့်စိတ်ကြွဆေးပြားများ ဖမ်းမိ

0
328

အမရပူရမြို့နယ်၌ ငွေကျပ် ၁ ဒသမ ၆ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့်စိတ်ကြွဆေးပြားများ ဖမ်းမိ

မန္တလေးတိုင်း၊အမရပူရမြို့နယ်၊မြစ်ငယ်စစ်ဆေးရေးဂိတ်အနီးတွင် ဇွန် ၁၁ ရက်နံနက် ၁၀ နာရီခွဲက ၆ ဘီးကွန်တိန်နာဘောက်စ်ကားအတွင်းမှ ဖမ်း ဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များသည် မြစ် ငယ်စစ်ဆေးရေးဂိတ်အနီး၌ ကိုဘိုမြိုင် မောင်းကာ ကိုအောင်မင်းဇော် လိုက်လာသည့် FUSO FIGHTER ၆ ဘီးကွန်တိန်နာဘောက်စ်ကားအား သတင်းအရ ရှာဖွေခဲ့ကြသည်။

ထိုသို့ ရှာဖွေရာ ကားပေါ်မှတန်ဖိုးငွေကျပ် ၁ ဒသမ ၆ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ(၄၀ ဒသမ ၇ ကီလို)နှင့်စိတ်ကြွဆေးပြား ၄ သိန်းပြားအား ဖမ်း ဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

အဆိုပါ ဘိန်းဖြူနှင့်စိတ်ကြွဆေးပြားများအား ရှမ်းပြည်(မြောက်ပိုင်း)မှစစ်ကိုင်းတိုင်းသို့ သယ် ဆောင်ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူ ၂ ဦးအား မူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင် ရာဥပဒေအရအမှုဖွင့်ကာ ဆက်စပ်ပြစ်မှုကျူး လွန်သူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here