ထိုင်းနိုင်ငံတွင်ကာဗွန်ဖမ်းယူသိုလှောင်ရေးပရောဂျက်စတင်ရန်ရည်ရွယ်ထား

0
143

ထိုင်းနိုင်ငံတွင်ကာဗွန်ဖမ်းယူသိုလှောင်ရေးပရောဂျက်စတင်ရန်ရည်ရွယ်ထား

ထိုင်းအစိုးရ ရေနံနှင့်သဘာဝဓာတ်ငွေ့အဖွဲ့ PTT သည်နိုင်ငံ၏ ပထမဆုံးကာဗွန်ဖမ်းယူသိုလှောင်ရေးစီမံကိန်းကို ၂၀၂၆ ခုနှစ်တွင် စတင်အကောင်အထည်ဖေါ်ရန် ရည်ရွယ်ထားပြီး ၂၀၅၀ ခုနှစ်အရောက်တွင် ထိုင်းနိုင်ငံ၏ ကာဗွန်ထုတ်လွှတ်မှု လုံးဝကင်းစင်ရေး အဓိကပန်းတိုင်ဆီသို့ ဦးတည်သွားရန်ရည်မှန်းထားသည်။

PTT သည် ထိုင်းပင်လယ်ကွေ့ရှိ Arthit ကမ်းလွန်ဓာတ်ငွေ့မြေမှတစ်ဆင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုစွန့်ထုတ်ရန် ရည်ရွယ်ထားသည်။

ယခုပရောဂျက်ဖြစ်နိုင်ချေရှိမရှိ လေ့လာမှုကို ၂၀၂၁ ခုနှစ်တွင်စတင်လေ့လာခဲ့ပြီး ယခုအချိန်တွင် ပဏာမဒီဇိုင်းဆွဲသည့်အဆင့်ရောက်နေပြီဟု ကုမ္ပဏီကဆိုသည်။

ထိုင်းနိုင်ငံ၏အကြီးဆုံးနိုင်ငံပိုင်ကုမ္ပဏီတစ်ခုအနေဖြင့် PTT သည် အစိုးရ၏ရည်မှန်းချက်အတိုင်း ၂၀၅၀ တွင် ကာဗွန်ထုတ်လွှတ်မှု လုံးဝကင်းစင်ရေးအတွက် အကောင်အထည်ဖော်နိုင်ရန်ကြိုးပမ်းနေသည်။

PTTEP သည် ထိုင်းနိုင်ငံ အရှေ့ပိုင်းရှိ ၎င်းတို့၏ စက်ရုံများတွင် ကာဗွန်ဖမ်းယူခြင်းနှင့် သိုလှောင်နိုင်​ရေးအတွက် ရေနံဓာတုပစ္စည်းသန့်စင်ရေးကုမ္ပဏီများနှင့် နားလည်မှုစာချုပ်ကို ဇွန်လ ၁ ရက်က လက်မှတ်ရေးထိုးခဲ့သည်။

PTTEP သည်ဧပြီလတွင်လည်း ဂျပန်နိုင်ငံ၏ Japan’s Impex နှင့် JGC ကုမ္ပဏီများဖြင့် ဓာတ်ငွေ့ဖမ်းယူသိုလှောင်ရေးလုပ်ငန်းစဉ်တွင် ပိုမိုပူးပေါင်းဆောင်ရွက်ရေးအတွက် လက်မှတ်ရေးထိုးခဲ့သည်။ဂျပန်ကုမ္ပဏီများမှ အထောက်အကူပစ္စည်းများနှင့် နည်းပညာများကို ရွေးချယ်ခြင်းတွင်အကူညီပေးမည်ဖြစ်သည်။

ထို့ပြင်ကုမ္ပဏီသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ဟိုက်ဒရိုဂျင် အတွက် အခွင့်အလမ်းသစ်များကို ရှာဖွေရန်လည်း စီစဉ်ထားသည်။
Source – Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here