မြစ်ကြီးနားတွင် အထက်တန်း ကျောင်းဆောင်တစ်‌ဆောင် မီးလောင်ပျက်ဆီး

0
204

မြစ်ကြီးနားတွင် အထက်တန်း ကျောင်းဆောင်တစ်‌ဆောင် မီးလောင်ပျက်ဆီး


ကချင်ပြည်၊ မြစ်ကြီးနားမြို့၊ မန်ခိန် ရပ်ကွက်ရှိ အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းဆောင် တစ်ဆောင် မီးလောင်ကျွမ်းမှု ယနေ့ နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက် (၃) နာရီဝန်းကျင် အချိန်ခန့်က မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်ရှိ အမှတ် (၆) အခြေခံပညာအထက် တန်းကျောင်ဆောင် တစ်ခု မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ် ကြောင်း ဒေသခံများက ပြောသည်။

” လောင်တာက (၂) နာရီခွဲလောက်တည်းက လောင်တာ ။တစ်ဆောင်လုံးကုန်တာပဲ”ဟု အဆိုပါ ရပ်ကွက်တွင် နေထိုင်သည့် မဂျာဆိုင်းပန်က ပြောသည်။

အဆိုပါ မီးလောင်ကျွမ်းမှုမှာ သာမန်မီးလောင်ကျွမ်းမှု မဟုတ်ဘဲ ရှို့မီးဖြစ်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုကြသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။

မီးလောင်ကျွမ်းရာနေရာသို့ မြစ်ကြီးနားမြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင် (၄၁) ဦး၊ မီးငြိမ်းသတ်ယာဉ် (၃) စီး၊ ရေသယ်ယာဉ် (၃) စီးတို့ဖြင့် ငြိမ်းသတ်ခဲ့ရာ ၃ နာရီခွဲ ဝန်းကျင်တွင် မိနစ်အချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် (၁၀၀×၃၀) ပေရှိ စာသင် ကျောင်းဆောင်တစ်ဆောင် ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

Photo _ မြစ်ကြီးနားမြိုနယ် မီးသတ်တပ်ဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here