ဘုတလင်မြို့နယ်၌ မင်္ဂလာဆောင်လာသည့် ကားတိမ်းမှောက်၊ ကားမောင်းသူအမျိုးသမီးသေဆုံး ၇ ဦးဒဏ်ရာရ

0
359

ဘုတလင်မြို့နယ်၌ မင်္ဂလာဆောင်လာသည့် ကားတိမ်းမှောက်၊ ကားမောင်းသူအမျိုးသမီးသေဆုံး ၇ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်၊တလိုင်းကျေးရွာအနီးတွင် ဇွန် ၁၅ ရက်(ယနေ့)နံနက်ပိုင်းက ဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလူမှုကယ် ဆယ်ရေးအဖွဲ့(မုံရွာ)မှ သိရသည်။

ယနေ့နံနက် ၈ နာရီခွဲခန့်က အရာတော်မြို့နယ်၊ဂယ်သားမွှေးကျေးရွာနေသူများဖြစ်သည့် အမျိုး သား၊အမျိုးသမီး ၁၀ ဦးသည် အသက်(၂၅)နှစ်အရွယ်ခန့်ရှိ အမျိုးသမီး ၁ ဦးမောင်းနှင်သည့် Hijet ကားဖြင့် မင်္ဂလာဆောင်သို့သွားခဲ့ကြသည်။

ထိုသို့ သွားရောက်စဥ် ဘုတလင်မြို့နယ်၊တလိုင်းကျေးရွာအနီးအရောက်တွင် ကားဘီးပေါက်၍ အ ရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိချိုင့်ထဲသို့ထိုးကျတိမ်းမှောက်သွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ် ဆယ်ရေးအဖွဲ့(မုံရွာ)မှ သိရသည်။

ဖြစ်စဥ်ကြောင့် ကားမောင်းသူအမျိုးသမီးမှာ ထိ ခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေ ဆုံးသွားခဲ့ပြီး အမျိုးသား၊အမျိုးသမီး ၇ ဦးတို့တွင်လည်း ထိခိုက်ဒဏ်ရာများအသီးသီးရရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့အသင်းကို ဖုန်းသတင်းဝင်လာပြီးချင်းပဲ ကယ်ဆယ်ရေးထွက်ခဲ့ပါတယ် ကားမောင်းလာတဲ့အမျိုးသမီးကတော့သေသွားပြီ ၇ ယောက်ဒဏ်ရာရတာတွေ့လို့ ဘုတလင်ဆေးရုံကိုပို့ပေးတယ် အဲဒီထဲကမှ ၃ ယောက်ကစိုးရိမ်ရအနေအ ထားရှိတော့ ဘုတလင်ဆေးရုံကနေ မုံရွာဆေးရုံကြီးကို ကျွန်တော်တို့ဆက်ပြီးပို့ပေးခဲ့ပါတယ်”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာ)၏ ဥက္ကဋ္ဌဦးစိန်ကိုကိုကပြောသည်။

ဖြစ်စဥ်မှ ကားမောင်းသူအမျိုးသမီးအား သက် ဆိုင်ရာရဲစခန်း၌ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here