တာချီလိတ်မြို့၌ ငွေကျပ်သိန်း ၂၅၅၀ တန်ဖိုးရှိ ကက်တမင်းများနှင့်လက်နက်ခဲယမ်းများ ဖမ်းမိ

0
120

တာချီလိတ်မြို့၌ ငွေကျပ်သိန်း ၂၅၅၀ တန်ဖိုးရှိ ကက်တမင်းများနှင့်လက်နက်ခဲယမ်းများ ဖမ်းမိ

ရှမ်းပြည်နယ်၊တာချီလိတ်မြို့၊ဝမ်တုံကျေးရွာရှိ နေအိမ်ဂိုထောင်တစ်လုံးအတွင်းမှ ဇွန် ၁၃ ရက်ည ၇ နာရီ ၄၀ မိနစ်ခန့်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ် ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက သတင်းအရ ၀မ်တုံကျေးရွာနေ အိုက်ထွန်း(ခ)အိုက်ခမ်း ၏နေအိမ်ဂိုထောင်အား ၀င်ရောက်ရှာဖွေခဲ့ကြသည်။

ထို့သို့ ရှာဖွေရာ အိုက်ထွန်း(ခ)အိုက်ခမ်းအား မတွေ့ရှိဘဲနေအိမ်ဂိုထောင်အတွင်း၌ အိုက်ကျိုင်း (ခ)ကျိုင်းဟွန်(၃၀)နှစ်၊အိုက်ကျိုင်း(ခ)အိုက်ထွင်း (၃၅)နှစ်၊အိုက်အွန်(၂၈)နှစ်နှင့်စိုင်းနုတ်(ခ)စိုင်းဗစ်တို့အား ငွေကျပ် ၂၅၅၀ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(ကက်တမင်း)အလေးချိန်(၃၀ ကီ လို)၊ ပွိုင့် ၂၂ သေနတ် ၁ လက်၊ ၎င်းကျည် ၇ တောင့်၊ ကျည်အိမ် ၁ ခုနှင့်ဆိုင်ကယ် ၄ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ၀မ်ပုံနယ်မြေရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here