ဆီထွက်သီးနှံဖြစ်သည့် ပဲပုပ်များစိုက်ပျိုးမှုတိုးမြှင့်ဆောင်ရွက်ပါက ပြည်တွင်းဆီထုတ်လုပ်မှုတိုးတက်လာမည်ဟု နစက ဥက္ကဋ္ဌပြော

0
229

ဆီထွက်သီးနှံဖြစ်သည့် ပဲပုပ်များစိုက်ပျိုးမှုတိုးမြှင့်ဆောင်ရွက်ပါက ပြည်တွင်းဆီထုတ်လုပ်မှုတိုးတက်လာမည်ဟု နစက ဥက္ကဋ္ဌပြော

နစက ဥက္ကဋ္ဌမှ ဇွန် ၁၄ ရက်တွင် နေပြည်တော်၊ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ တာဝန်ရှိသူများအားတွေ့ဆုံ၍ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စများအားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ဆီဖူလုံရေးနဲ့ပတ်သက်ပြီး စက်သုံးဆီနှင့်စားသုံးဆီတွေကို ပြည်ပကနေ နှစ်စဉ်တင်သွင်းနေရပါတယ် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီစားသုံးမှုချွေတာပြီး ထုတ်လုပ်မှုတိုးမြှင့်အောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် ဆီထွက်သီးနှံများစိုက်ပျိုးနိုင်ရန် စိုက်ပျိုးမြေများလုံလောက်စွာရှိပြီးဖြစ်၍ လူတစ်ဦးချင်းတစ်ရက်ဆီစားသုံးမှုသည် ၂ ဒသမ ၂၅ ကျပ်သား ရှိသဖြင့် တစ်နိုင်ငံလုံးတစ်နှစ်လျှင် ဆီတန်ချိန် ၆ သိန်းမှ ၇ သိန်းခန့်ဖြစ်၍ ပြည်တွင်းဆီထုတ်လုပ်မှုမပါ နှစ်စဉ်ပြည်ပမှ ဆီတန်ချိန် ၈ သိန်းမှ ၉ သိန်းအထိတင်သွင်းနေရသောကြောင့် ဆီစားသုံးမှုများ များပြားနေသည်ကိုတွေ့ရှိရသည်ဟုပြောသည်။

“ဒါ့ကြောင့် ဆီထွက်သီးနှံဖြစ်တဲ့ ပဲပုပ်တွေစိုက် ပျိုးနိုင်အောင် ဆောင်ရွက်နေပါတယ် ပြည်တွင်းမှာ ပဲပုပ်စိုက်ပျိုးတာကိုတိုးမြှင့်ရင် ပြည်တွင်းဆီထုတ်လုပ်မှုလည်း တိုးတက်လာမှာဖြစ်သလို တိ ရစ္ဆာန်အစာအတွက် ပြည်ပကနေ ပဲပုပ်ကြိတ်ဖတ်တွေတင်သွင်းတာကို လျှော့ချနိုင်မှာဖြစ်ပါတယ် ပြည်တွင်းကထွက်တဲ့ နှမ်းနဲ့ပဲပုပ်ကိုလည်း ပြည်ပကိုတင်ပို့နိုင်မှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

အလားတူ နေကြာစိုက်ပျိုးမှုများအား ဆောင်ရွက်နိုင်ရန်လိုကာ ပြည်တွင်း၌ ဆီထွက်သီးနှံများ တိုးမြှင့်စိုက်ပျိုးပါက ပြည်တွင်းဆီဖူလုံမှုအား များစွာအထောက်အကူပြုမည်ဖြစ်ပြီး ဆီထွက်သီးနှံဖြစ်သည့် မြေပဲနှင့်နှမ်းတို့ကို အခြားနည်းများဖြင့် စားသုံးမှုများရှိ၍ အခြားဆီထွက်သီးနှံများကို ဦးစား ပေးစိုက်ပျိုးရမည်ဟု နစက ဥက္ကဋ္ဌကပြောသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here