မြန်မာ – အိန္ဒိယနှစ်နိုင်ငံအကြားနိုင်ငံတကာမျက်နှာစာများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားရေးဆွေးနွေး

0
105

မြန်မာ – အိန္ဒိယနှစ်နိုင်ငံအကြားနိုင်ငံတကာမျက်နှာစာများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားရေးဆွေးနွေး

မြန်မာ နှင့် အိန္ဒိယနှစ်နိုင်ငံအကြား ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားရေးတို့ကို မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီးနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

နစက နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ ဗီနေးကူးမားတို့ ဇွန်လ ၁၄ရက်က နေပြည်တော၌တွေ့ဆုံစဉ်ထည့်သွင်းဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား ဆောင်ရွက်လျက်ရှိသော စီမံကိန်းများ၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားရေး ကိစ္စတို့ကို ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်သည်။

ထို့ပြင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်နှင့် အာဆီယံနှင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါမူများ လေးစားလိုက်နာသွားရေးတို့ကိုလည်းဆွေးနွေးခဲ့ကြသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here