အင်ဒိုနီးရှားနိုင်ငံ၏ ၂၀၂၄ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ စတင်ပြီ

0
86

အင်ဒိုနီးရှားနိုင်ငံ၏ ၂၀၂၄ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ စတင်ပြီ

ဂျာကာတာ၊ ဇွန် ၁၄ ရက်

ကမ္ဘာ့တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၄ ခုနှစ်၌ ရွေးချယ်မည့် သမ္မတအသစ်၊ ဒေသဆိုင်ရာခေါင်းဆောင်များနှင့် ဥပဒေပြုလွှတ်တော် ဆိုင်ရာနေရာများ အတွက် အကြိုရွေးကောက်ပွဲလုပ်ငန်းစဉ်များအား ဇွန်လ ၁၄ ရက် အင်္ဂါနေ့၌ တရားဝင်စတင်ခဲ့ပြီဖြစ်သည်။

လူဦးရေသန်း ၂၇၀ ရှိသော အင်ဒိုနီးရှားနိုင်ငံသည် ၎င်း၏ သမ္မတနေရာ၌ တာဝန်ထမ်းဆောင်မည့်သူအား လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသဆိုင်ရာဥပဒေပြုလွှတ်တော်များအတွက် ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် တစ်ပြိုင်တည်း တိုက်ရိုက်ရွေးချယ်ကြမည် ဖြစ်သည်။

အဆိုပါရွေးချယ်တင်မြှောက်မှုအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါ ၁၄ ရက်၌ ကျင်းပရန် စီစဉ်ထားကာ အင်ဒိုနီးရှား၏ ပြည်နယ် ၃၄ ခုရှိ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ မြို့တော်ဝန်နေရာများအတွက် ရွေးကောက်ပွဲများကိုလည်း ယင်းနှစ်နှောက်ပိုင်း၌ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

“ဒီနေ့ကစပြီး မဲပေးရဖို့ လ ၂၀ ပဲလိုတော့တယ်။ အဲလိုမျိုး တစ်ပြိုင်နက်တည်း ရွေးကောက်ပွဲတွေ လုပ်ရတာကလည်း အားလုံး ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်စေဖို့ အတွက်ဖြစ်ပါတယ်” ဟု အထွေထွေရွေးကောက်ပွဲ ကော်မရှင် သို့မဟုတ် KPU အကြီးအကဲ Hasyim Asy’ari က အင်္ဂါနေ့ညနေပိုင်း၌ ရွေးကောက်ပွဲ လုပ်ငန်းစဉ် တရားဝင် စတင်ခြင်း အထိမ်းအမှတ် အခမ်းအနားတစ်ခု၌ ပြောကြားခဲ့သည်။

နိုင်ငံရေးပါတီများသည်လည်း ပါလီမန်နှင့် တိုင်းဒေသကြီး လွှတ်တော်နေရာများအတွက် မဲများရရှိရန် အချင်းချင်း ပြိုင်ဆိုင်ရမည်ဖြစ်သော်လည်း ၎င်းတို့သည် တူညီသော သမ္မတလောင်းအား ထောက်ခံနိုင်ကြောင်း သိရသည်။

ထို့ကြောင့် ၎င်းတို့သည် အဆိုပါ ရွေးကောက်ပွဲစနစ်ကို ကျင့်သုံးကာ လာမည့် ရွေးကောက်ပွဲများ၌ နိုင်ငံရေးမငြိမ်မသက်မှုကို ရှောင်ရှားရန် မျှော်လင့်ကြောင်း Hasyim Asy’ari ကပြောကြားခဲ့သည်။

KPU မှထုတ်ပြန်သည့် အချိန်ဇယားအရ သမ္မတနှင့် ဒုတိယသမ္မတလောင်း နှစ်ဦးပါ အတွဲများသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ နိုဝင်ဘာလအတွင်း တရားဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မဲဆွယ်စည်းရုံးမှုတစ်ခုလုံးအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်အထိကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။

Source: Nikkei

 


LEAVE A REPLY

Please enter your comment!
Please enter your name here