ဘီလျံနာသူဌေးကြီး ဝါရင်းဘာဖက်တ်က ပရဟိတအတွက် ဒေါ်လာ ၄ ဘီလီလျံနီးပါးလှူ

0
144

ဘီလျံနာသူဌေးကြီး ဝါရင်းဘာဖက်တ်က ပရဟိတအတွက် ဒေါ်လာ ၄ ဘီလီလျံနီးပါးလှူ

အမေရိကန်နိုင်ငံမှ နာမည်ကျော် ဘီလျံနာသူဌေးကြီး ဝါရင်းဘာဖက်တ် (Warren Buffett) သည် ဇွန်လ ၁၄ ရက် အင်္ဂါနေ့၌ ဘီလ်နှင့် မယ်လင်ဒါဂိတ် ဖောင်ဒေးရှင်း(Bill & Melinda Gates Foundation)နှင့် မိသားစု အလှူလေးခုအ​နေဖြင့် ဒေါ်လာ ၄ ဘီလီယံနီးပါး လှူဒါန်းခဲ့ကြောင်း သိရသည်။

၎င်း၏ပိုင်ဆိုင်မှုအားလုံးနီးပါးကိုလည်း လှူဒါန်းမည်ဟု ကတိပြုထားသူဖြစ်သည်။

၁၉၆၅ ခုနှစ် ကတည်းသူ ဦးစီးနေသော Berkshire Hathaway ကုမ္ပဏီမှ Class B ရှယ်ယာ စုစုပေါင်း ၁၄ သန်းအား လှူဒါန်းခဲ့ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ရှယ်ယာ ၁၄ သန်း မှ ၁၁သန်း အား ဘီလ်နှင့် မယ်လင်ဒါဂိတ် ဖောင်ဒေးရှင်းထံသို့ လှူဒါန်းသွားမည်ဖြစ်ကာ နောက်ထပ် ရှယ်ယာ ၁.၁ သန်းကို ဘာဖက်တ်၏ ပထမဇနီးဖြစ်သူ ဆူဆန် တွမ်ဆန် ဘာဖက်တ်ဖောင်းဒေးရှင်းသို့ ပေးလှူသွားမည် ဖြစ်ကြောင်းသိရသည်။

ကျန်ရှိနေသော ရှယ်ယာပေါင်း ၇သိန်းကျော် ကိုလည်း ဘာဖက်တ်၏ သားသမီးများ ဖြစ်သည့် ဟောင်းဝပ်ဒ်၊ ဆူဆန်နှင့် ပီတာ တို့ဦးဆောင်နေသော ဟောင်းဝပ်ဒ် ဂျီ. ဘာဖက်တ် ဖောင်ဒေးရှင်း၊ ရှဲဝုဒ် ဖောင်ဒေးရှင်းနှင့် နိုဗို ဖောင်ဒေးရှင်း အသီးသီးထံသို့ ခွဲဝေ လှူဒါန်းသွားမည်ဖြစ်သည်။

အသက် ၉၁ နှစ်အရွယ် ဘာဖက်တ်သည် ၂၀၀၆ ခုနှစ်ကတည်းက ယခုလက်ရှိအချိန်အထိ ၎င်း၏ Berkshire ကုမ္ပဏီရှယ်ယာ တစ်ဝက်အား လှူဒါန်းထားခဲ့ပြီး ဒေါ်လာ ၄၅.၅ ဘီလီယံ ခန့်ရှိကြောင်း သိရသည်။

Source: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here