စိုက်ပျိုးမွေးမြူရေးပညာရှင်များ မွေးထုတ်နိုင်ရန် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းများ၊ကောလိပ်နှင့်တက္ကသိုလ်များအား တိုးချဲ့ဖွင့်လှစ်သွားမည်

0
124

စိုက်ပျိုးမွေးမြူရေးပညာရှင်များ မွေးထုတ်နိုင်ရန် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းများ၊ကောလိပ်နှင့်တက္ကသိုလ်များအား တိုးချဲ့ဖွင့်လှစ်သွားမည်

နေပြည်တော်၊ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန် ရှိသူများအား ဇွန် ၁၄ ရက်က နစက ဥက္ကဋ္ဌမှတွေ့ ဆုံကာ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

စိုက်နည်းစနစ်များ ကောင်းမွန်မှသာအထွက်နှုန်းများကောင်းမွန်မည်ဖြစ်၍ စပါးများစိုက်ပျိုးရာ တွင် ကောက်ကွက်များပြည့်မီရန်လိုအပ်ကာ မြန် မာနိုင်ငံ၌ စိုက်ဧက ၃၃ သန်းရှိပြီး စပါးစိုက်ပျိုးမှုမှာ မိုးစပါးစိုက်ဧက ၁၄ သန်းကျော်နှင့်နွေစပါးစိုက်ဧက ၃ သန်းခန့်ရှိသည်ဟုပြောသည်။

“အဲဒီ မြေတွေပေါ်မှာ စိုက်ပျိုးရေးလုပ်ငန်းတွေကို သီးထပ်စိုက်ပျိုးသွားမယ်ဆိုရင် စပါးထွက်ရှိမှု ပိုပြီးတိုးတက်လာမှာဖြစ်တာကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေကို အောင်မြင်အောင်ဆောင်ရွက်နိုင်ဖို့အတွက် စိုက်ပျိုးရေးပညာရှင်တွေ လိုအပ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

အလားတူ မြန်မာနိုင်ငံ၌ ကြက်၊ဝက်၊ဆိတ်၊နွားနှင့်ငါး တို့အားအဓိကစားသုံးကြသဖြင့် မွေးမြူရေးပညာရှင်များလည်း လိုအပ်ကာ ကြက်မွေးမြူရေးလုပ်ငန်းများတွင်လိုအပ်ချက်များ များစွာရှိပြီး မွေးမြူရေးလုပ်ငန်းများ၌ လှောင်မွေးသည့်စနစ်၊လွှတ်မွေးသည့်စနစ်နှင့်လှန်မွေးသည့်စနစ် သုံးမျိုးအနက် လှောင်မွေးသည့်စနစ်သည် အကောင်းဆုံးဖြစ်သည်ဟုပြောသည်။

“တိရစ္ဆာန်တွေကို အစာပြည့်ဝအောင်ကျွေးမွေးပြီး စနစ်တကျနဲ့ မွေးမြူဖို့လိုပါတယ် အခြေခံကျတဲ့ မွေးမြူရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် မွေးမြူရေးပညာရှင်တွေနဲ့မွေးမြူဖို့လိုပါတယ် ဒါ့ကြောင့် မိမိတို့တာဝန်ထမ်းဆောင်ချိန်မှာ စိုက်ပျိုးမွေးမြူရေးပညာရှင်တွေ မွေးထုတ်နိုင်ဖို့အတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းတွေ ကောလိပ်နဲ့တက္ကသိုလ်တွေကို တိုးချဲ့ဖွင့်လှစ်သွားဖို့လုပ်နေပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် အိမ်နီးချင်းနိုင်ငံများ၌ စိုက်ပျိုးမွေးမြူ ရေးနှင့်ပတ်သက်သည့် တက္ကသိုလ်များ၊ကောလိပ်များသည် မြန်မာနိုင်ငံထက်များပြားပြီး မြန်မာနိုင် ငံသည် စိုက်ပျိုးရေးအားအခြေခံသည့် နိုင်ငံဖြစ်သော်လည်း စိုက်ပျိုးရေးတက္ကသိုလ်တစ်ခုသာရှိသဖြင့် စိုက်ပျိုးရေးပညာရှင်များစွာမွေးထုတ်ပေးရန် လိုနေသေးသည်ဟုပြောသည်။

“စိုက်ပျိုးမွေးမြူရေးနဲ့ပတ်သက်တဲ့ ပညာရှင်တွေ မွေးထုတ်ပေးနိုင်မယ်ဆိုရင် မိမိတို့နိုင်ငံရဲ့ စိုက် ပျိုးမွေးမြူရေးလုပ်ငန်းတွေအတွက်လိုအပ်တဲ့ လူ သားအရင်းအမြစ်တွေ လုံလောက်စွာရရှိမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် မိမိတို့အနေဖြင့် ခရိုင်များတိုးချဲ့ဖွဲ့ စည်းလျက်ရှိကာ ခရိုင်များအလိုက် နည်းပညာဆိုင်ရာသင်တန်းကျောင်းများထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ထူးချွန်သူများအား အဆင့်မြင့်ပညာများဆက်လက် သင်ကြားနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဟုပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here