တစ်ချိန်က လူသုံးများခဲ့သည့် Internet Explorer အား နည်းပညာပံ့ပိုးမှုများရပ်လိုက်ပြီ

0
111

တစ်ချိန်က လူသုံးများခဲ့သည့် Internet Explorer အား နည်းပညာပံ့ပိုးမှုများရပ်လိုက်ပြီ

ဆန်ဖရန်စစ္စကို၊ ဇွန် ၁၅

ဇွန်လ ၁၅ ရက် ဗုဒ္ဓဟူးနေ့မှစ၍ မိုက်ခရိုဆော့ဖ် သည် တစ်ချိန်က လူသုံးများခဲ့သော ဝက်ဘ်ဘရောက်ဇာတစ်ခုဖြစ်သည့် IE (Internet Explorer) အက်ပလီကေးရှင်းအား နည်းပညာပံ့ပိုးမှုများ ဆက်လက်ပြုလုပ်တော့မည် မဟုတ်ကြောင်း ကြေငြာခဲ့သည်။

သိုရာတွင် IE အား နည်းပညာပံ့ပိုးမှုများ ရပ်ဆိုင်းလိုက်ခြင်းသည် အံ့ဩစရာ မဟုတ်ခဲ့ချေ။
မိုက်ခရိုဆော့ဖ်သည် ပြီးခဲ့သည့်နှစ်ကတည်းက IE အား ၂၀၂၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့၌ အသုံးပြုခွင့် ရပ်ဆိုင်းလိုက်မည်ဟု ကြေငြာခဲ့ကာ ၎င်းတိုကုမ္ပဏီမှ ၂၀၁၅ ခုနှစ်တွင် ထုတ်လုပ်ထားသည့် Microsoft Edge ဘရောက်ဇာ အား အစားထိုးအသုံးပြုသွားရန် ၎င်း၏သုံးစွဲသူများကို တိုက်တွန်းထားကြောင်း သိရသည်။

ထိုနောက် မိုက်ခရိုဆော့ဖ်က နည်းပညာအသစ်များနှင့် ရှေ့သိုဆက်လက်လျှောက်လမ်းရမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

Microsoft Edge သည် IE ထက် အကြောင်းအရာ ရှာဖွေရာ၌ ပိုမိုမြန်ဆန်ကာ သုံးစွဲသူ၏ ကိုယ်ရေးအချက်အလက်များ သိမ်းဆည်းရာတွင်လည်း ပိုမို လုံခြုံ၍ ခေတ်မီသော ရှာဖွေမှုအတွေ့အကြုံကိုပေးစွမ်နိုင်ကြောင်း မိုက်ခရိုဆော့ဖ် ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ရှန်လင်ဒါဆေးက ၂၀၂၁ ခုနှစ် မေလ ဘလော့ဂ် ပို့စ်တစ်ခုတွင် ရေးသားခဲ့သည်။

၁၉၉၅ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့ စတင်ထုတ်ဝေချိန်မှစ၍ ၂၀၂၂ခုနှစ် ဇွန်လ ၁၅ ရက်နေ့အထိ သက်တမ်း ၂၇နှစ်ကြာရပ်တည်ခဲ့သော Internet Explorer သည် နည်းပညာဖွံဖြိုးမှုသမိုင်းတွင် အမွေအနှစ်တစ်ခုအဖြစ် ကျန်ရစ်နေမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။

Source: AP News

 


LEAVE A REPLY

Please enter your comment!
Please enter your name here