နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ALP တို့ ၃ ရက်တာဆွေးနွေးချက်များအား သဘောတူလက်မှတ်ရေးထိုး

0
161
နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ALP တို့ ၃ ရက်တာဆွေးနွေးချက်များအား သဘောတူလက်မှတ်ရေးထိုး
နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဒု-ဥက္ကဋ္ဌဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ဇွန် ၁၅ ရက်က ဒုတိယနေ့အဖြစ်တွေ့ဆုံဆွေးနွေးပြီးနောက် သဘောတူညီချက်များအား အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁/၂/၃)ပါ သဘောတူညီချက်များ၊ အစိတ်အပိုင်း(၃)မှ ဆက်လက်ဆွေးနွေးရန်ကျန်ရှိသည့် ဇယား-၂ ပါဆွေးနွေးရန်အချက်များ၊အ မျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီမှ လေ့လာဆန်းစစ်ဖော်ထုတ်စိစစ်ရေးအဖွဲ့၏ တွေ့ရှိချက်များအား ညှိနှိုင်းရေးကော်မတီဝင်ဒု-ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့ပြင် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာများအား ဆွေးနွေးညှိနှိုင်းပြီးနောက် ၃ ရက်တာ ဆွေး နွေးညှိနှိုင်းချက်များအရ သဘောတူညီချက်များအား အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြသည်။
ထို့နောက် နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်နှင့်ရ ခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဒု-ဥက္ကဋ္ဌဒေါ်စောမြရာဇာလင်းတို့က နိဂုံးချုပ်အမှာစကားများပြောကြားကြခဲ့ကြသည်။
ဆွေးနွေးပွဲသို့ နစက အဖွဲ့ဝင်၊ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန(၁)ပြည်ထောင်စုဝန်ကြီး၊အ မျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်၊ နစက အဖွဲ့ဝင်များဖြစ်သည့် ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးမင်းနောင်တို့တက်ရောက်ဆွေးနွေးခဲ့ကြသည်။
အလားတူ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဒု-ဥက္ကဋ္ဌဒေါ်စောမြရာဇာလင်းနှင့်အတူ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ခိုင်စိုးမြ၊ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ခိုင်ပေါ်လင်းတို့ လည်းတက်ရောက်ဆွေးနွေးခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here