တရုတ်နိုင်ငံကရုရှားကိုဆက်လက်ထောက်ခံအားပေးသွားမည်

0
103

တရုတ်နိုင်ငံကရုရှားကိုဆက်လက်ထောက်ခံအားပေးသွားမည်

ဇွန်လ (၁၅) ရက် ဗုဒ္ဓဟူးနေ့က တရုတ်သမ္မတ ရှီကျင့်ဖျင် နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ဖုန်းဖြင့်ဆွေးနွေးမှုတွင် တရုတ်သမ္မတက ရုရှားအစိုးရ၏ လုံခြုံရေးနှင့် အချုပ်အခြာအာဏာတည်မြဲရေးအတွက် ဆက်လက် ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာများကဖော်ပြခဲ့သည်။

တရုတ်အခြေစိုက်အသံလွှင့်ဌာန CCTV ၏ပြောကြားချက်အရ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကဲ့သို့သော အဓိက အကျိုးစီးပွားကိစ္စရပ်များတွင် တရုတ်အနေဖြင့် ရုရှားကိုဆက်လက်ထောက်ခံသွားမည်ဖြစ်ပြီး နှစ်နိုင်ငံအပြန်အလှန်အကျိုးပြုလုပ်ငန်းများဆက်လက်လုပ်ဆောင်ရန် ဆန္ဒရှိကြောင်းသိရှိရသည်။

ဖေဖော်ဝါရီလ ရုရှား – ယူကရိန်းစစ်စတင်ချိန်မှစ၍ တရုတ်နိုင်ငံမှရုရှားအပေါ်ပြစ်တင်ဝေဖန်ခြင်းမရှိဘဲ ရေနံနှင့်သဘာဝဓာတ်ငွေ့ဝယ်ယူမှုများပါရှိခဲ့သည်။

AFP ၏ဖော်ပြချက်အရ ကမ္ဘာ့အင်အားကြီးခေါင်းဆောင်နှစ်ဦး၏ ဖုန်းဖြင့်ပြောဆိုဆက်သွယ်မှုမှာ ရုရှား – ယူကရိန်းစစ်စတင်ချိန်မှစ၍ ယခုတစ်ကြိမ်‌သည် ဒုတိယအကြိမ်ဖြစ်ကြောင်းသိရှိရသည်။

 ရုရှားနှင့် ၎င်းတို့၏ ဆက်ဆံရေးကို ခိုင်မြဲစေလိုကြောင်း တရုတ်ကပြောကြားခဲ့ပြီး နိုင်ငံတကာ စည်းမျဥ်းစည်းကမ်းနှင့် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေးကို ပိုမိုတရားမျှတပြီး ကျိုးကြောင်းဆီလျော်သော ဖွံ့ဖြိုးတိုးတက်မှုဆီသို့ တွန်းအားပေးသွားမည်ဟု တရုတ်သမ္မတကပြောခဲ့သည်။

ယူကရိန်းကိစ္စ​ကြောင့် အမေရိကန်နှင့် အခြားအနောက်နိုင်ငံကြီးများ၏ ဖိအားအများအပြားကြားမှပင် တရုတ်နိုင်ငံ နှင့် ရုရှား တို့သည် ခိုင်မာသောမဟာမိတ်အဖြစ် ဆက်လက်ရှိနေဆဲဖြစ်သည်။

Source – WionNews


LEAVE A REPLY

Please enter your comment!
Please enter your name here