မြောက်ဥက္ကလာပမြို့နယ်တွင် မီနီဘတ်စ်ကားမှအရှိန်မထိန်းနိုင်ဘဲ AYA ဘဏ်အဆောက်အဦးအားဝင်တိုက်ပြီး မောင်းနှင်ထွက်ပြေး

0
114

မြောက်ဥက္ကလာပမြို့နယ်တွင် မီနီဘတ်စ်ကားမှအရှိန်မထိန်းနိုင်ဘဲ AYA ဘဏ်အဆောက်အဦးအားဝင်တိုက်ပြီး မောင်းနှင်ထွက်ပြေး

ရန်ကုန်မြို့၊မြောက်ဥက္ကလာပမြို့နယ်၊ဝေဘာဂီရပ် ကွက်၊သုဓမ္မာလမ်းပေါ်ရှိ AYA ဘဏ်အဆောက်အဦးအား ဇွန် ၁၅ ရက်ညပိုင်းက မီနီဘတ်စ်ကားတစ်စီးမှ ဝင်တိုက်မိခဲ့ပြီးနောက် မောင်းနှင်ထွက်ပြေးသွားခဲ့သည်ဟု တွဲလက်ကူမယ်”ဌ”လူငယ်ပရဟိ တအဖွဲ့မှ သိရသည်။

ယင်းနေ့ည ၁၂ နာရီ ၂၀ မိနစ်ခန့်က AYA ဘဏ်ခွဲ(၄၃)အဆောက်အဦးတံခါး၊ဘဏ်ရှေ့၌ကာရံထားသည့် သံပန်းများနှင့်ဘဏ်ရှေ့ရှိကား ၂ စီးတို့အား မီနီဘတ်စ်(အဝါရောင်)ကားမှ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့ပြီးနောက် ကားမောင်းသူမှာနောက်ပြန်ဆုတ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။

ဖြစ်စဥ်၌ ဘဏ်ရှေ့၌ကာရံထားသည့် သံပန်းများအားတိုက်မိရာမှ ဘဏ်၏ညစောင့်တာဝန်ကျဝန် ထမ်း ၂ ဦးအနက် ဦးသက်နိုင်စိုး(၄၂)နှစ်ခန့်သည် သံပန်းနှင့်ရိုက်မိ၍ ဦးခေါင်း၌ကွဲရှဒဏ်ရာရရှိခဲ့သဖြင့် မေဓာဝီဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဦးခေါင်းကွဲရှဒဏ်ရာရရှိသူအား မေဓာဝီဆေးရုံမှ ဒဏ်ရာအား ၇ ချက်ချုပ်ပေးခဲ့ရပြီး ကျောရိုးအားဓာတ်မှန်ရိုက်ကာ လိုအပ်သည့်ကုသမှုများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်မှ AYA ဘဏ်အဆောက်အဦးအားဝင်တိုက်ပြီးနောက် မောင်းနှင်ထွက်ပြေးသွားသည့် မီနီဘတ်စ်ကားမောင်းသူအား ဥပဒေအရအရေးယူနိုင်ရန် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here