ယနေ့အထိ အလင်းဝင်လာသည့် PDF ၃၈ ဦးရှိကြောင်း နစက ပြော

0
156

ယနေ့အထိ အလင်းဝင်လာသည့် PDF ၃၈ ဦးရှိကြောင်း နစက ပြော

နစက မှ PDF များကို အလင်းဝင်နိုင်ကြောင်း ထုတ်ပြန်ပြီးနောက်ပိုင်း အလင်းဝင်လာသည့် PDF ၃၈ ဦး ရှိပြီဖြစ် ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ယနေ့ ဇွန်လ ၁၆ ရက် နေ့လယ်ပိုင်းက ပြုလုပ်သည့် နစ က၏ (၁၆) ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

” လက်ရှိမှာတော့ မကွေးတိုင်း ငဖဲမြို့နယ်က (၉)ဦး၊ စစ် ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်က (၅) ဦး၊ဧရာဝ တီတိုင်း ပုသိမ်မြို့နယ်က (၁) ဦး၊ ကျုံပျော်မြို့မှာ (၈)ဦး၊ မန္တ လေးတိုင်းဒေသကြီး မန္တလေးမြို့မှာ (၁၅) ဦးနဲ့ စုစုပေါင်း (၃၈) ဦး လက်ခံထားပြီး ဖြစ်ပါတယ်”ဟု နစက၏သတင်း မှန်ပြန်ကြားရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအား နိုင်ငံတော် ၏ရှေ့လုပ်ငန်းစဥ်များ၌ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် သတ်မှတ်စည်းကမ်းများအတိုင်း ပြန်လည်ဝင်ရောက်မည်ဆိုပါက လက်ခံသွားမည်ဟု အသိပေးကြေညာထားခြင်း ဖြစ်သည်။

ယင်းကဲ့သို့ လက်ခံရန် စီစဉ်ရခြင်းမှာ PDF များ၏ မိဘများနှင့် ၎င်းတို့ ရောက်ရှိနေသည့် ဒေသများမှ တိုင်းရင်း သားအဖွဲ့အစည်းများမှ မေတ္တာရပ်ခံမှုကြောင့်ဖြစ် ကြောင်းလည်း သိရသည်။

“ကျွန်တော်တို့ရဲ့ သားသမီးတွေ ကျွန်တော်တို့ရဲ့ မိသားစုတွေ လမ်းမှားကို ရောက်နေရင် ကျွန်တော်တို့ ဘယ်လို ခံစားရမလဲ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

လက်ရှိတွင် အလင်းပြန်လည်ဝင်ရောက်ရန် ဆက်သွယ်ထားသူများ ရှိနေသေးကြောင်းနှင့် အဆိုပါ ပုဂ္ဂိုလ်များကို ပြန်လည် လက်ခံနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်းလည်း ၎င်းက ပြောသည်။

ထိုသို့ ဝင်ရောက်ခိုလှုံလျက်ရှိရာ မန္တလေးတိုင်းအ တွင်းရှိ မြို့နယ် (၇) မြို့နယ်မှ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များထံသွားရောက်၍ သင်တန်းတက်ခဲ့ပြီး ပြစ်မှုကျူး လွန်ခြင်းမရှိခဲ့သူ PDF တပ်ဖွဲ့ဝင် (၁၅) ဦးကို ဇွန် ၁၅ ရက်နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ မိဘများထံပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နှင့်ကျုံပျော်မြို့နယ်တို့မှအမျိုးသား (၁) ဦးနှင့်အမျိုးသမီး (၁) ဦးတို့အား ဇွန် (၁၄) ရက်တွင် ပြန်လည်အပ်နှံခဲ့ကြောင်း သိရသည်။

ဇွန် (၁၃) ရက် နံနက်ပိုင်းတွင်လည်း မကွေးတိုင်း၊ငဖဲမြို့မှ
အမျိုးသား (၉) ဦးနှင့် ဇွန် (၁၂) ရက်တွင် ဧရာဝတီတိုင်း၊ကျုံပျော်မြို့နယ်ရှိ PDF အဖွဲ့ဝင် အမျိုးသား (၃) ဦးနှင့်အမျိုးသမီး (၄)ဦးတို့သည် ပြန်လည်ဆက်သွယ်ဝင်ရောက်လာ၍ ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ထောက်ပံ့ငွေများပေး၍ မိဘများထံပြန်လည်အပ်နှံပေးခဲ့သည်။

ထို့ပြင် ဇွန် ၆ ရက်ကလည်း ကလေးမြိုနယ်မှ ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် PDF အဖွဲ့ဝင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦးတို့သည် လုံခြုံရေးအဖွဲ့ဝင်များထံ ဆက်သွယ်လာရောက်ခိုလှုံခဲ့သဖြင့် ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီးနောက် မိဘများထဲသို့ အပ်နှံပေးခဲ့‌ ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here