နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်ခြင်းနှင့်ပါတီစစ်ဆေးခြင်းသည် တိုက်ရိုက်မပတ်သက်ဟု UEC အဖွဲ့ဝင်ဦးခင်မောင်ဦးပြော

0
155

နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်ခြင်းနှင့်ပါတီစစ်ဆေးခြင်းသည် တိုက်ရိုက်မပတ်သက်ဟု UEC အဖွဲ့ဝင်ဦးခင်မောင်ဦးပြော

ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ၌ စစ်ဆေးရန်ကျန်ရှိသည့်ပါတီများအ နေဖြင့် ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရှိ၊မရှိနှင့်ပတ်သက် ၍ ဇွန် ၁၆ ရက်(ယနေ့)တွင် နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၁၆ ကြိမ်မြောက်သတင်းစာရှင်း လင်းပွဲ၌ UEC အဖွဲ့ဝင်ဦးခင်မောင်ဦးကပြောကြားခဲ့ခြင်းဖြစ်သည်။

“၉၂ ပါတီရှိတဲ့အထဲက စစ်ဆေးဖို့ကျန်တဲ့ပါတီက ၈ ပါတီရှိပါတယ် ဒီပါတီတွေဟာ သိရသလောက်ဆိုရင် တချို့က အဆင်သင့်မဖြစ်သေးတာ အခက်အခဲတွေရှိတာ တချို့က နယ်မြေလုံခြုံရေးအခြေအနေအရ တစ်ချို့ကြတော့ထွက်ပြေးတိမ်း ရှောင်နေရတဲ့အဖွဲ့တွေလည်းရှိပါတယ် ဒါ့ကြောင့် ဒီအဖွဲ့တွေဟာအကြောင်းအမျိုးမျိုးကြောင့် ကျန်နေပါတယ်”ဟု UEC အဖွဲ့ဝင်ဦးခင်မောင်ဦးကပြော သည်။

အဆိုပါ စစ်ဆေးရန်ကျန်ရှိသည့်ပါတီများအား UEC မှဆက်လက်စစ်ဆေးသွားမည်ဖြစ်ကာ ယင်းပါတီများအနေဖြင့် ကျင်းပမည့်ရွေးကောက်ပွဲအား ဝင်ရောက်ခွင့်ရှိ၊မရှိမှာ တိုက်ရိုက်သက်ဆိုင်ခြင်းမရှိကြောင်း သိရသည်။

“ရွေးကောက်ပွဲမှာဝင်ရောက်ယှဥ်ပြိုင်ခွင့်ကိစ္စနဲ့ပါတီစစ်ဆေးတဲ့ကိစ္စဟာ တိုက်ရိုက်မပတ်သက်ပါဘူး”ဟု UEC အဖွဲ့ဝင်ဦးခင်မောင်ဦးကပြောသည်။

ထိုသို့ တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသော်လည်း ရွေးကောက်ပွဲကျင်းပချိန်၌ နိုင်ငံရေးပါတီများအနေဖြင့် ဖျက်သိမ်းခံထားရခြင်း၊ယာယီရပ်ဆိုင်းခံထားရခြင်း၊သတ်မှတ်မဲဆန္ဒနယ်၌ ယှဥ်ပြိုင်နိုင်ခြင်းများမရှိပါက ဝင်ရောက်ယှဥ်ပြိုင်ခွင့်မရှိကြောင်း UEC အဖွဲ့ဝင်ဦးခင်မောင်ဦး၏ ပြောကြားချက်အရ သိရသည်။

“ဒါ့ကြောင့် နိုင်ငံရေးပါတီတွေဟာ အဲဒီအခြေအ နေတွေပေါ်မှာမူတည်ပြီးတော့မှသာ ကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရမှာဖြစ်ပါတယ်”ဟု UEC အဖွဲ့ဝင်ဦးခင်မောင်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here