တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ဖြစ်ပေါ်စေရန်နှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် အဓိထားဆွေးနွေးနေဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

0
81

တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ဖြစ်ပေါ်စေရန်နှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် အဓိထားဆွေးနွေးနေဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

 

တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် အချက်နှစ်ချက် အဓိကထား ဆွေးနွေးလျက်ရှိပြီး၊ ယင်းမှာ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲဖြစ်ပေါ်စေရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် အဓိက ဆွေးနွေးလျှက်ရှိနေကြောင်း နစက ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ကပြော ကြားသည်။

ယနေ့ ဇွန် ၁၆ ရက်တွင် ပြုလုပ်ခဲ့သည့် (၁၆)ကြိမ်မြောက် နစက သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်ထွန်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)လက်မှတ်ရေးထိုးထားသော အဖွဲ့ များအပါအဝင် လက်မှတ်မရေးထိုးထားသော အဖွဲ့များဖြင့်လည်း တွေ့ဆုံဆွေနွေးလျှက်ရှိနေသည်။

ယင်းအပြင် ထာဝရငြိမ်းချမ်းရေးရရှိရန် သတ်မှတ်ဆောင်ရွက်ဆွေနွေးရန်အတွက် ကျန်ရှိနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုလည်း ဆွေးနွေးပွဲသို့ တက်ရောက်ရန် ထပ်မံဖိတ်ခေါ်ထားရှိသည်။

ထို့ကြောင့် ထပ်မံဆွေးနွေးလိုသည် တိုင်းရင်သား လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဇွန် ၃၀ ရက် နောက်ဆုံးထား၍ အဆုံးအဖြတ်ပေးနိုင်မည့် ခေါင်းဆောင်(သို့မဟုတ်) ကိုယ်စားလှယ် နှစ်ဦးကို တက်ရောက်ပေးကြရန်ဖိတ်ခေါ်ထားသည်။

ငြိမ်းချမ်းရေးဆွေးနွေပွဲမှ တိုင်းပြည်၏ ပကတိအနေအထားနှင့် ကိုက်ညီကာ ဖြစ်သင့် ဖြစ်ထိုက်သည်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ တောင်းဆိုချက်များနှင့် အမှန်တကယ်ဖြစ်နိုင်ဖွယ်ရှိ သည်များအား ဆွေးနွေးအဖြေရှာသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here