သာကေတမြို့နယ်ရှိ အရှေ့ပိုင်းခရိုင်တရားရုံး ဝင်ထွက်ပေါက်ဘေးတွင်ဗုံးပေါက်ကွဲ

0
216

သာကေတမြို့နယ်ရှိ အရှေ့ပိုင်းခရိုင်တရားရုံး ဝင်ထွက်ပေါက်ဘေးတွင်ဗုံးပေါက်ကွဲ

ရန်ကုန်မြို့၊သာကေတမြို့နယ်၊စက်မှုလက်မှုရပ်ကွက်၊ဧရာဝဏ်လမ်းပေါ်ရှိ အရှေ့ပိုင်းခရိုင်တရားရုံးသည် ဇွန် ၁၆ ရက်(ယနေ့)နံနက်ပိုင်းက လက်လုပ်ဗုံး‌ ပေါက်ကွဲခဲ့သည်ဟု သိရသည်။

ယနေ့နံနက် ၇ နာရီခွဲခန့်က အရှေ့ပိုင်းခရိုင်တရား ရုံးအား အမည်မသိအမျိုးသားများက လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ပြီးနောက် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ လက်လုပ်ဗုံးသည် အရှေ့ပိုင်းခရိုင်တ ရားရုံး၏ ဝင်/ထွက်ပေါက်ဘေးရှိ ဆိုင်းဘုတ်အားထိမှန်ပေါက်ကွဲသွားခဲ့ပြီး ပေါက်ကွဲမှုဖြစ်စဥ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

“ပုံမှန်သွားနေကြလမ်းအတိုင်းသွားရင်း လမ်းပိတ်နေလို့မေးကြည်တော့မှ ဗုံးပေါက်တာကိုသိတာ စစ်သားတွေ ရဲတွေအများကြီးပဲရောက်နေကြတယ်”ဟု ဧရာဝဏ်လမ်းမှတဆင့် နေစဥ်ဖြတ် သန်းနေသူကိုဖြိုးမောင်ကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here