ချချုံဆောင်ခရိုင်၌ မြန်မာနိုင်ငံသားတစ်ဦး အူအတတ်ပေါက်၍ ဆေးရုံပို့ရန်ပြုလုပ်စဥ်သေဆုံး

0
184

ချချုံဆောင်ခရိုင်၌ မြန်မာနိုင်ငံသားတစ်ဦး အူအတတ်ပေါက်၍ ဆေးရုံပို့ရန်ပြုလုပ်စဥ်သေဆုံး

 

ထိုင်းနိုင်ငံ၊ချချုံဆောင်ခရိုင်၊ခလောင်လွန်းဖဲ့ကျေးရွာအုပ်စု၊မူ-၁၄ ရှိ စင်းထောင်အဆောင်နေ မြန်မာနိုင်ငံသား ကိုမောင်မောင်ဦး(၃၂)နှစ်သည် အူအတတ်ပေါက်၍ ဆေးရုံပို့ရန်ပြုလုပ်စဥ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဥ်သည် ဇွန် ၁၅ ရက်ည ၆ နာရီခွဲခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကိုမောင်မောင်ဦးသည် ကားပေါ်၌သေဆုံးနေခြင်းဖြစ်ကာ ဖြစ်စဥ်အား ချချုံဆောင်မြို့နယ်ရဲစခန်းမှတာဝန်ရှိသူများက လာရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

“သူနဲ့အဆောင်အတူနေတဲ့လူတွေပြောတာအရဆိုရင် အူအတတ်ပေါက်တာကိုဆေးရုံမသွားဘဲဒီအတိုင်းနေတယ် မခံနိုင်တဲ့အဆုံးမှဆေးရုံသွားဖို့ အဆောင်နေသူ့သူငယ်ချင်းတွေကိုအကူအညီတောင်းလို့ ဆေးရုံပို့ဖို့ကားပေါ်တင်ပြီးခနမှာ သေသွားတာလို့သိရတယ် ပြင်ပဒဏ်ရာမရှိပါဘူး”ဟုထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။

ကိုမောင်မောင်ဦးသည် ကားပေါ်၌ထိုင်လျက်အ နေအထားဖြင့် မျက်လုံးဖွင့်ကာသေဆုံးနေခြင်းဖြစ်၍ ရုပ်အလောင်းအားရင်ခွဲစစ်ဆေးရန် ချချုံဆောင်ကယ်ဆယ်ရေးအဖွဲ့မှ ဗုဒ္ဓသိုလ်တော်ဆေး ရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

“ဖြစ်စဥ်အမှန်ကတော့ ရင်ခွဲစစ်ဆေးပြီးမှသိရမှာပဲ အခုလတ်တလောသိထားရတာကတော့ အူအ တတ်ပေါက်ပြီးသေတာလို့ပဲ သိထားသေးတာ”ဟု ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံအလုပ်သမားများအ ရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြော သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here