မန္တ​လေး၌ နံရံကပ်ပန်ကာအပူလွန်ရာမှတဆင့် နေအိမ်မီးလောင်မှုဖြစ်ပွားပြီးအမျိုးသမီးတစ်ဦးမီးခိုးမွှန်အသက်ရှူကျပ်ပြီးသေဆုံး

0
195

မန္တ​လေး၌ နံရံကပ်ပန်ကာအပူလွန်ရာမှတဆင့် နေအိမ်မီးလောင်မှုဖြစ်ပွားပြီးအမျိုးသမီးတစ်ဦးမီးခိုးမွှန်အသက်ရှူကျပ်ပြီးသေဆုံ

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊အောင်မြေသာစံရပ်ကွက်၊ ၁၈ လမ်း၊ ၈၇ လမ်းနှင့် ၈၈ လမ်း ကြားတွင် ဇွန် ၁၆ ရက်(ယနေ့)နံနက် ၅ နာရီ ၁၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လူမှုကူညီရေးအသင်းများမှ သိရသည်။

အောင်မြေသာစံရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် နံရံကပ်ပန်ကာအပူလွန်ရာမှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့သိရသလောက်ဆိုရင် အောက်ထပ်က ပန်ကာအပူလွန်ပြီးလောင်တာ သေသွားတဲ့အ မျိုးသမီးကြီးကတော့ အသက် ၆၀ ကျော်လောက်ရှိပြီ မီးခိုးမွှန်အသက်ရှူကျပ်ပြီးသေဆုံးသွားတာပါ”ဟုအောင်မြေသာစံမြို့နယ်အခြေစိုက်လူမှုကူ ညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မီးလောင်မှုဖြစ်စဥ်အား အောင်မြေသာစံမြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှမီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းဝင်များနှင့်ရပ်ကွက်နေသူများမှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၅ နာရီ ၂၇ မိနစ်၌မီးထိန်းနိုင်ခဲ့ပြီး နံနက် ၅ နာရီခွဲတွင် မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာန ချုပ်မှ သိရသည်။

“အမျိုးသားတစ်ယောက်လည်း ဒဏ်ရာနည်းနည်းရလို့ မန္တလေးပြည်သူ့ဆေးရုံကြီးကိုပို့ပေးထားပါတယ် မီးကတော့ Level 1 အဆင့်နဲ့ငြိမ်းသွားပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။

မီးလောင်မှုဖြစ်စဥ်မှ နေအိမ်ပိုင်ရှင်အား အမှတ် (၅)နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Photo-ကိုသန်းဌေး


LEAVE A REPLY

Please enter your comment!
Please enter your name here