မြန်မာနိုင်ငံမြောက်ပိုင်းဒေသ အထူးသဖြင့် မြန် မာ-တရုတ်နယ်စပ်ဒေသတစ်လျှောက်တွင် ငှက် ဖျားရောဂါတိုက်ဖျက်ရေးလုပ်ငန်းအား တစ်ဆင့်တိုးဖော်ဆောင်ရန်လိုအပ်

0
170

မြန်မာနိုင်ငံမြောက်ပိုင်းဒေသ အထူးသဖြင့် မြန် မာ-တရုတ်နယ်စပ်ဒေသတစ်လျှောက်တွင် ငှက် ဖျားရောဂါတိုက်ဖျက်ရေးလုပ်ငန်းအား တစ်ဆင့်တိုးဖော်ဆောင်ရန်လိုအပ်

တရုတ်-မြန်မာနယ်စပ်ဒေသတွင် ငှက်ဖျားရောဂါတိုက်ဖျက်ရေးအတွက် ဆဋ္ဌမအကြိမ်မြောက် အစည်းအဝေးအား ဇွန် ၁၅ ရက်ကကျင်းပရာ၌ ကျန်းမာရေးဝန်ကြီးဌာန၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာမြင့်မြင့်သန်းကပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ ဖော်ဆောင်လျက်ရှိသည့် ငှက်ဖျား ရောဂါတိုက်ဖျက်ရေးအစီအစဉ်သည် ရလဒ်တွေ့မြင်နေရပြီဖြစ်ကာ ငှက်ဖျားရောဂါကူးစက်ခံရသူဦးရေမှာ သိသိသာသာကျဆင်းလာသည်ဟုပြောသည်။

“ဒါပေမယ့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ အထူး သဖြင့် မြန်မာ-တရုတ်နယ်စပ်ဒေသတစ်လျှောက်မှာ ငှက်ဖျားရောဂါတိုက်ဖျက်ရေးလုပ်ငန်းကို တစ်ဆင့်တိုးဖော်ဆောင်ဖို့လိုအပ်ပါတယ် လတ်တ လောနှစ်ပိုင်းမှာ မြန်မာ-တရုတ်နှစ်နိုင်ငံဟာ ငှက် ဖျားရောဂါတိုက်ဖျက်ရေးကဏ္ဍမှာ ကြိမ်ဖန်များ စွာထိရောက်တဲ့ ကူးလူးဖလှယ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်”ဟု ညွှန်ကြားရေးမှူးချုပ်ဒေါက်တာမြင့်မြင့်သန်းကပြောသည်။

အလားတူ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ စီး ပွားရေးသံမှူး Mr. Tan Shufu မှလည်း တရုတ်- မြန်မာနှစ်နိုင်ငံမှ ပညာရှင်များသည် တရုတ်-မြန် မာနယ်စပ်ဒေသ ငှက်ဖျားရောဂါကာကွယ်ကုသရေးကူညီမှုစီမံကိန်းများ၊ဖြစ်နိုင်ခြေလေ့လာမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကာပူးပေါင်းဆောင် ရွက်မှုကြောင့် နှစ်နိုင်ငံပြည်သူများအား အကျိုး စီးပွားများခံစားရရှိစေကာ တစ်ကမ္ဘာလုံး ငှက် ဖျားရောဂါတိုက်ဖျက်ရေးလုပ်ငန်းအတွက် အ ကျိုးထမ်းဆောင်ပေးနိုင်မည်ကို ယုံကြည်သည်ဟု ပြောကြားခဲ့သည်။

အလားတူ တရုတ်-မြန်မာနှစ်နိုင်ငံ ကျန်းမာရေးဌာ နတာဝန်ရှိသူများမှ မြန်မာနိုင်ငံ၏ ငှက်ဖျားရောဂါတိုက်ဖျက်ရေးတိုးတက်မှုအခြေအနေနှင့်စပ် လျဉ်း၍ ချိတ်ဆက်မှုများပြုလုပ်ခဲ့ကြသည်။

ထို့အတူ ရှမ်းပြည်နယ်နှင့်ကချင်ပြည်နယ်တို့တွင် ငှက်ဖျားရောဂါတိုက်ဖျက်ရေးလိုအပ်ချက်များ၊ယူနန်ပြည်နယ် ငှက်ဖျားရောဂါတိုက်ဖျက်ရေးအတွေ့အကြုံနှင့်ပြည်ပမှဝင်ရောက်လာသည့် ငှက်ဖျားရောဂါအမျိုးအစား ကာကွယ်ထိန်းချုပ်ရေးအခြေအနေ တို့အားဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း၊တရုတ်နိုင်ငံ၊အမျိုးသားကျန်းမာရေးကော်မရှင် ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးဦးစီးဌာန၊ယူနန်ပြည်နယ် ကျန်းမာ ရေးကော်မရှင် ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးဦးစီးဌာန၊တရုတ်နိုင်ငံ ကူးစက်ရောဂါထိန်း ချုပ်ရေးစင်တာ ကပ်ပါးရောဂါကာကွယ်ထိန်း ချုပ်ရေးဌာနတို့မှ တာဝန်ခံတို့ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here