တပ်မတော်နှင့် ဆွေးနွေးရန်ကျန်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ထပ်မံ ဖိတ်ခေါ်

0
154

တပ်မတော်နှင့် ဆွေးနွေးရန်ကျန်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ထပ်မံ ဖိတ်ခေါ်

တပ်မတော်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ကျန်ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ တက်ရောက်ဆွေးနွေးမည့် ခေါင်းဆောင်များ၏ အမည်စာရင်းကို ဇွန် လ (၃၀) ရက် နောက်ဆုံးထား ပေးပို့ရန် ဖိတ်ခေါ်ထားကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ဇွန်လ (၁၆)ရက် မွန်းလွဲပိုင်းက နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

” ဖိတ်ခေါ်မှုအပေါ် တက်ရောက်ဆွေးနွေးမည့် တိုင်းရင်း သား လက်နက်အဖွဲ့အသီးသီးက ဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌကိုယ်စား အဆုံးအဖြတ်ပေးနိုင်မယ့် ခေါင်းဆောင်နဲ့ အဖွဲ့ဝင် (၂)ဦးရဲ့အမည်စာရင်းကို ဒီလ ဇွန်လ (၃၀) ရက်နောက်ဆုံးထား ပြန်ကြားပေးဖို့ ကမ်းလှမ်းထားပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မှူးကြီး မင်းအောင် လှိုင်မှ ငြိမ်းချမ်းရေး ဖိတ်ခေါ်သည့်အနေဖြင့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် ၂၀၂၂ ခုနှစ် ဧပြီ အတွင်းက ဖိတ်ခေါ် ကမ်းလှမ်းခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့နှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

အဆိုပါ ကမ်းလှမ်းချက်အရ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ (၁၀)ဖွဲ့ က တက်ရောက်ဆွေးနွေးရန် သဘောတူထားပြီး လက်ရှိအချိန်ထိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၆)ဖွဲ့နှင့် ဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်ထိ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ကရင်အ မျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော် – ငြိမ်း ချမ်းရေးကောင်စီ (KNU/KNLA -PC)၊ “ဝ”ပြည်သွေး စည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA-မိုင်းလားအဖွဲ့)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်သည်။

ဆွေးနွေးရန် ကျန်ရှိနေသည့် လက်နက်ကိုင်အဖွဲ့များအနေ ဖြင့်လည်း ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် ပါဝင်ဆွေးနွေးကြရန် နစက ဥက္ကဋ္ဌက ထပ်မံဖိတ်ခေါ်ထား သည်။

နစက ဥက္ကဋ္ဌ၏ ဖိတ်ခေါ်ချက်အရ ငြိမ်းချမ်းရေးဆွေးနွေးရန် နေပြည်တော်သို့ ရောက်ရှိနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) မှ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့နှင့် ယနေ့ ဇွန်လ ၁၆ ရက်တွင် နေပြည်တော်၌ ဆွေးနွေးလျှက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here