အမေရိကန်တွင်အပူချိန်မြင့်တက်မှုကြောင့် မလိုအပ်လျှင်အပြင်မထွက်ရန်ညွှန်ကြားထား

0
202

အမေရိကန်တွင်အပူချိန်မြင့်တက်မှုကြောင့် မလိုအပ်လျှင်အပြင်မထွက်ရန်ညွှန်ကြားထား

အမေရိကန်ပြည်ထောင်စု အလယ်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် စံချိန်ချိုးခဲ့သည့် အပူလှိုင်းကြောင့် အမေရိကန်နိုင်ငံသား သန်း ၁၀၀ ကျော်အတွက်လိုက်နာရမည့် အပူချိန်သတိပေးချက်များကိုတနင်္လာနေ့တွင်ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်အပတ်မှစ၍အပူချိန်မြင့်လာရာတွင် ဖီးနစ်၊ လာ့စ်ဗီးဂတ်စ်နှင့်ဒန်ဗာတို့သည် အပူချိန်အမြင့်ဆုံးခံစားရသည့်မြို့များအဖြစ် သတ်မှတ်ခံခဲ့ရသည်။

ချီကာဂိုရှိ အမျိုးသားမိုးလေဝသဌာနကလည်း “ပြင်းပြင်းထန်ထန်ထန်လှုပ်ရှားမှုမျိုး နှင့် နေရောင်ခြည်ထိတွေ့မှုများကို ရှောင်ရှားပါ” ဟုသတိပေးချက်ထုတ်ပြန်ထားသည်။

တစ်နာရီလျှင် မိုင် ၆၀ နှုန်းအထိ ပြင်းထန်သော မိုးကြိုးမုန်တိုင်းများနှင့် လေပြင်းတိုက်ခတ်ပြီးနောက် သောင်းနှင့်ချီသော ချီကာဂိုမြို့ခံပြည်သူများသည် တနင်္လာနေ့ညတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့သည်။

သက်ဆိုင်ရာမှ ချီကာဂိုအပါအဝင်အခြားမြို့အတော်များများတွင်လူများနား​နေနိုင်သည့် အအေးခန်း စင်တာများ ဆောက်လုပ်နေကြောင်းနှင့်အပူဒဏ်ခံနိုင်ရန်ထိုစင်တာများတွင်လာရောက်နေထိုင်နိုင်ကြောင်းအသိပေးထားသည်။မီဒီယာများ၏ကြေငြာချက်အရ အင်္ဂါနေ့နှင့်ဗုဒ္ဓဟူးနေ့များတွင် လူထုအ‌ခြေပြုစင်တာခြောက်ခုနှင့် စာကြည့်တိုက် ၇၅ ခုပါထည့်သွင်းတည်ဆောက်မည်ဟုသိရသည်။

၁၉၉၅ ခုနှစ် အပူလှိုင်းဒဏ်ကြောင့် လူပေါင်း ၇၀၀ ကျော် သေဆုံးခဲ့ကာ အများစုမှာ သက်ကြီးရွယ်အိုများဖြစ်ပြီး ထိုအချိန်မှစ၍ အစိုးရကအပူလှိုင်းဒဏ်ကို တုံ့ပြန်ရန်ကြိုးပမ်းအားထုတ်မှုများကိုတိုးမြှင့်လာခဲ့သည်။

Source – WionNews

 


LEAVE A REPLY

Please enter your comment!
Please enter your name here