ကမ္ဘောဒီးယားစွမ်းအင်ကဏ္ဍအတွက် တရုတ်နိုင်ငံသည် အဓိကဖြစ်

0
291

ကမ္ဘောဒီးယားစွမ်းအင်ကဏ္ဍအတွက် တရုတ်နိုင်ငံသည် အဓိကဖြစ်

တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ စွမ်းအင်လုံခြုံရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း ကမ္ဘောဒီးယားတာဝန်ရှိသူများနှင့်ပညာရှင်များက ဇွန်လ ၁၄ ရက်နေ့ကပြောကြားခဲ့သည်။

သတ္တုနှင့်စွမ်းအင်ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့်အပြင် စွမ်းအင်ဆိုင်ရာညွှန်ကြားရေးမှူးချုပ်တစ်ဦးလည်းဖြစ်သည့် မစ္စတာ Heng Kunleang က တရုတ်၏ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများဖြစ်သည့် ရေအားလျှပ်စစ်ဆည်များ၊ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံများနှင့် ဆိုလာဓာတ်အားပေးစက်ရုံများသည် ကမ္ဘောဒီးယားတွင် ထုတ်လုပ်သည့် စွမ်းအင်စုစုပေါင်း၏ ၆၅.၇ ရာခိုင်နှုန်းဖြစ်သည် ဟုဆိုသည်။

Belt and Road Initiative (BRI) သည် ကမ္ဘောဒီးယား၏ ရေအားလျှပ်စစ်ဆည်များနှင့် ဆိုလာဓာတ်အားပေးစက်ရုံများကဲ့သို့သော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် တရုတ်ရင်းနှီးမြှုပ်နှံသူများကို တွန်းအားပေးနိုင်ခဲ့သည်ဟု ၎င်းကဆိုသည်။

စက်မှု၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဝန်ကြီးဌာန၏ ပြောရေး ဆိုခွင့်ရှိသူ Heng Sokkung က တရုတ်နိုင်ငံမှ ရင်းနှီးမြုပ်နှံထားသော ဓာတ်အားပေးစက်ရုံများသည် အထူးသဖြင့် Covid-19 ကပ်ရောဂါကာလအတွင်း စက်ရုံများ၏ ထုတ်လုပ်မှုကို တည်ငြိမ်အောင် ကူညီပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

“လုံလောက်သောလျှပ်စစ်ဓာတ်အားရရှိရေးသည် ၎င်းတို့၏အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွားကုန်ပစ္စည်းလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် မရှိမဖြစ်လိုအပ်ကာ စီးပွားရေးတိုးတက်မှုနှင့် အလုပ်အကိုင်ဖန်တီးမှု၏ အဓိကသော့ချက်ဖြစ်သည်” ဟုလည်း ဆင်ဟွာသို့ ပြောကြားခဲ့သည်။

အပြိုင်အဆိုင်လျှပ်စစ်စျေးနှုန်းများကြား Made-in-Cambodia ထုတ်ကုန်များသည် နိုင်ငံတကာဈေးကွက်တွင် အခြားနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်ခဲ့သည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ နိုင်ငံခြားရေးဝန်ကြီးနှင့် ပြောရေးဆိုခွင့်ရှိသူ မစ္စတာ Neth Pheaktra က တရုတ်နိုင်ငံမှ တည်ဆောက်ထားသော ရေအားလျှပ်စစ်စက်ရုံများသည် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အကဲဖြတ်ခြင်း (EIA) စာတမ်းပါ လိုအပ်ချက်များအားလုံးကို လိုက်နာဆောင်ရွက်လျက်ရှိပြီး သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးကိုလည်း အလေးထားဆောင်ရွက်ခဲ့ကြောင်း ၎င်းက ပြောသည်။

ကမ္ဘောဒီးယားတော်ဝင်အကယ်ဒမီမှ စီးပွားရေးသုတေသီ Hong Vannak က လည်း တရုတ်နိုင်ငံမှရင်းနှီးမြုပ်နှံထားသော ဓာတ်အားပေးစက်ရုံများသည် အိမ်ထောင်စုများနှင့် စီးပွားရေးလုပ်ငန်းများအတွက် လုံလောက်သော လျှပ်စစ်ဓာတ်အားကို ပေးစွမ်းနိုင်သည်။နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကိုပါ ပိုမိုဆွဲဆောင်နိုင်သည်သာမက ဆင်းရဲမွဲတေမှုကို လျှော့ချဖို့လည်း အထောက်အကူပြုသည်” ဟုထပ်မံပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ၌ လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် ၂၀၂၁ ခုနှစ်တွင် ၄၀၁၄ မဂ္ဂါဝပ်ရှိကြောင်း ကမ္ဘောဒီးယားလျှပ်စစ်အာဏာပိုင်အဖွဲ့မှ ပြောကြားခဲ့သည်။

ရေအားလျှပ်စစ် ဆည်များ၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများ၊ ဒီဇယ်သုံး ဓာတ်အားပေးစက်ရုံများ၊ ဆိုလာ ဓာတ်အားပေးစက်ရုံများနှင့် ဇီဝလောင်စာ ဓာတ်အားပေးစက်ရုံများမှ ပြည်တွင်း၌ ၃,၀၃၃ မဂ္ဂါဝပ် ခန့်ထုတ်လုပ်ခဲ့ပြီး ကျန် ၉၈၁ မဂ္ဂါဝပ်ကိုမူ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊လာအိုနှင့်ဗီယက်နမ် နိုင်ငံများမှ တင်သွင်းခဲ့သည်ဟုဖော်ပြထားသည်။

Source – Xinhua


LEAVE A REPLY

Please enter your comment!
Please enter your name here