ပြည်ထောင်စုအကျိုးကိုရှေးရှု၍ အမြင်ကျယ်ကျယ်ဖြင့် ဆွေးနွေးဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌမှ PNLO ဒု-ဥက္ကဋ္ဌနှင့်တွေ့ဆုံစဥ်ပြောကြား

0
167

ပြည်ထောင်စုအကျိုးကိုရှေးရှု၍ အမြင်ကျယ်ကျယ်ဖြင့် ဆွေးနွေးဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌမှ PNLO ဒု-ဥက္ကဋ္ဌနှင့်တွေ့ဆုံစဥ်ပြောကြား

 

နစက ဥက္ကဋ္ဌမှ ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ်(PNLO)ဒု- ဥက္ကဋ္ဌ(၁)ခွန်ထွန်းတင်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဇွန် ၁၆ ရက်နံနက်ပိုင်းက နေပြည်တော်၌တွေ့ဆုံ၍ ငြိမ်းချမ်းရေးကိစ္စများဆွေးနွေးရာ၌ ပြောကြားခဲ့ခြင်းဖြစ် သည်။

ထို့ပြင် နိုင်ငံအတွင်း၌ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းကာ ငြိမ်းချမ်းမှုရှိရန်အတွက် ခေတ်အ ဆက်ဆက်ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အခြေအ နေများအား နစက ဥက္ကဋ္ဌမှပြောကြားသည်။

ထို့အတူ ပါတီစုံဒီမိုကရေစီစနစ်အား လျှောက်လှမ်းရာ၌ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများရှိမည်ဖြစ်သော်လည်း ငြိမ်းချမ်းသည့်နည်းလမ်း ဖြင့်ဖြေရှင်းဆောင်ရွက်ရန်လိုကာ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရာတွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တောင်းဆိုချက်များ၊ဒေသနှင့်တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်ပြီး ဖြစ်သင့်ဖြစ်ထိုက်သည်များအား ပွင့်လင်းစွာအကြေအလည်ဆွေးနွေးသွားမည်ဟုပြောသည်။

“ပြည်ထောင်စုအကျိုးကိုရှေးရှုပြီး အမြင်ကျယ်ကျယ်နဲ့ဆွေးနွေးဆောင်ရွက်သွားကြဖို့လိုအပ်သ လို ပြည်သူလူထုဆန္ဒနဲ့ကိုက်ညီတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးဆောင်ရွက်ဖို့ ဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စုကိုတည် ဆောက်သွားမှာပါ”ဟု နစက ဥက္ကဋ္ဌကပြောသည်။

အလားတူ PNLO ဒု-ဥက္ကဋ္ဌ(၁)နှင့်အဖွဲ့ဝင်များမှလည်းက ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ ပါ ဝင်ဆွေးနွေးခွင့်ရခြင်းအား အထူးကျေးဇူးတင်ကာ PNLO အနေဖြင့် ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်ခြင်းအား အစဉ်လက်ခံထားပြီး ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ဒီမိုကရေစီနှင့်ဖက်ဒရယ်အား အခြေခံသည့် ပြည် ထောင်စုတည်ဆောက်ရေးတို့နှင့်ပတ်သက်၍ သ ဘောထားတူညီချက်များအားဆွေးနွေး၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို တင်ပြခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌနှင့် PNLO ဒု- ဥက္ကဋ္ဌ(၁)ခွန်ထွန်းတင်တို့မှ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စများ၊ဒေ သဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများအား အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ နစက ဒု- ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှုးကြီးစိုးဝင်း၊ နစက အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ဒု-ဗိုလ်ချုပ်ကြီးရာပြည့် PNLO ဒု-ဥက္ကဋ္ဌ(၁)ခွန်ထွန်းတင်နှင့်အတူတွဲဖက်အထွေ ထွေအတွင်းရေးမှူး(၁)ခွန်မင်းသိန်းနှင့်ဗဟိုကော်မ တီဝင်ခွန်ဇွဲထိုရ် တို့လည်းတက်ရောက်ဆွေးနွေးခဲ့ကြသည်။

PNLO ဒု-ဥက္ကဋ္ဌ(၁)ခွန်ထွန်းတင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နစက မှဖွဲ့စည်းပေးထားသည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီတို့နှင့်ငြိမ်းချမ်းရေးဆွေး နွေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here