ဆန်ဆီ စားသောက်ကုန် လှူဒါန်းပွဲတွင် ပါဝင်လှူဒါန်းသူများအား ဂုဏ်ပြုလက်မှတ် ပေးအပ်ခြင်းနဲ့ ပညာသင်စရိတ် ထောက်ပံ့ခြင်း အခမ်းအနားကို ရုပ်ရှင်အစည်းအရုံးမှာ ကျင်းပပြုလုပ်

0
149

ဆန်ဆီစားသောက်ကုန်လှူဒါန်းပွဲတွင်ပါဝင်လှူဒါန်းသူများအား ဂုဏ်ပြုလက်မှတ်ပေးအပ်ခြင်းနဲ့ပညာသင်စရိတ်ထောက်ပံ့ခြင်းအခမ်းအ နားကို ရုပ်ရှင်အစည်းအရုံးမှာကျင်းပပြုလုပ်

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ နဝမ အကြိမ်မြောက် ဆန်ဆီစားသောက်ကုန်များလှူဒါန်းပေးခဲ့တဲ့လှူဒါန်းသူများအား ဂုဏ်ပြုလက်မှတ်ပေးအပ်ခြင်းအပြင် ပညာသင်ထောက်ပံ့ခြင်းအခမ်းအနားကိုယနေ့ ဇွန်လ ၁၇ ရက်နေ့ က ရုပ်ရှင်အစည်းအရုံးမှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါအကြောင်းအရာနဲ့ပတ်သက်ပြီး ဦးအေးကြူလေး က” မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနဝမအကြိမ်မြောက်ဆန်ဆီစားသောက်ကုန်လှူဒါန်းပွဲတွင်ပါဝင်လှူဒါန်းသူများဂုဏ်ပြုပွဲနှင့်ပညာသင်စရိတ်ထောက်ပံ့ပွဲအတွက်ပေးအပ်လှူဒါန်းခြင်းကိုမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင်ကျင်းပပြုလုပ်ခဲ့ပြီးပါဝင်လှူဒါန်းသူများအားဂုဏ်ပြုလက်မှတ်​ပေးအပ်ပြီးပညာသင်စရိတ်အလှူငွေများအားနာယကကြီးများအမှုဆောင်များကလက်ခံရယူခဲ့တယ် ” လို့ပြောပါတယ်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေနဲ့ အနုပညာလောကသားများအတွက် အစားသောက်အဆင်ပြေနိုင်စေရန် ထောက်ပ့ံကူညီလာသည်မှာ နဝမအကြိမ်မြောက်ခဲ့ပြီးဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here